ဆိတ်၊ ခွေးနဲ့ နွားဟာ သိပ်ကောင်းတဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ်။ တစ်နေ့ကြတော့ သူတို့ဟာ တက္ကစီနဲ့ ခရီးထွက်ကြပါတယ်။
Mbuzi, Mbwa na Ng’ombe walikuwa marafiki wa karibu sana. Siku moja walisafiri kwa teksi.
သူတို့သွားတဲ့ ခရီးဆုံးတဲ့အခါ ကားဆရာက သူတို့ကို ကားခတောင်းပါတယ်။ နွားကသူ့အတွက် ပေးလိုက်ပါတယ်။
Walipofika mwisho wa safari yao, dereva aliwaomba walipe nauli zao. Ng’ombe alilipa nauli yake.
ခွေးက ပေးဖို့ငွေအတိအကျမရှိတဲ့အတွက် ပိုပိုသာသာပေးလိုက်ပါတယ်။
Mbwa alilipa zaidi kidogo kwa sababu hakuwa na pesa taslimu.
ကားဆရာအနေနဲ့ ခွေးကိုငွေပြန်အမ်းဖို့လုပ်တဲ့အချိန်မှာ ဆိတ်ကဘာမှမပေးဘဲနဲ့ ပြေးသွားပါတယ်။
Dereva alipokaribia kumpa Mbwa chenji yake, Mbuzi alitoroka bila kulipa chochote.
ကားဆရာက အရမ်းကိုစိတ်ဆိုးသွားပါတယ်။ သူဟာ ခွေးအတွက်ပြန်ပေးရမယ့်ပိုက်ဆံကိုမပေးဘဲ မောင်းထွက်သွားပါတယ်။
Dereva alikasirika sana. Aliondoka bila kumrudishia Mbwa chenji yake.
အဲ့ဒါကြောင့် ဒီနေ့အထိ ကားကိုတွေ့ရင် ခွေးကကားဆီပြေးသွားပြီး ကားထဲကိုချောင်းကြည့်ကာ သူရမယ့်ပြန်အမ်းငွေကိုပေးမယ့် ကားဆရာကိုလိုက်ရှာပါတယ်။
Hiyo ndiyo sababu hadi leo Mbwa hukimbiza magari ili achungulie ndani kuona kama atampata dereva mwenye chenji yake.
ကားသံကြားတာနဲ့ ဆိတ်ကပြေးတော့တာဘဲ။ သူကားခမပေးခဲ့တာကို ဖမ်းမှာစိုးရိမ်လို့ဖြစ်ပါတယ်။
Mbuzi hukimbia anaposikia mlio wa gari. Anaogopa atakamatwa kwa kutolipa nauli.
နွားကတော့ ကားလာရင်တောင်မမှုပါဘူး။ သူက ကားခအပြည့်ပေးပြီးတာကိုသိတဲ့အတွက် ကားလမ်းဖြတ်တဲ့အခါ အချိန်ယူပြီးဖြတ်ပါတယ်။
Na Ng’ombe hababaiki gari likiwa linakuja. Ng’ombe huvuka barabara bila wasiwasi kwa sababu anajua alilipa nauli yake yote.