Download PDF
Back to stories list

ကလိုင်ဟာ အပင်တွေကို စကားပြောတယ် Khalai azungumza na mimea

Written by Ursula Nafula

Illustrated by Jesse Pietersen

Translated by Naw Thazin Hpway

Language Burmese

Level Level 2

Narrate full story The audio for this story is currently not available.


သူဟာ ကလိုင်ဖြစ်ပါတယ်။ အသက်၇နှစ်ရှိပြီဖြစ်ပါတယ်။ သူ့နာမည်ဟာ “ကောင်းတဲ့သူ”လို့ သူ့ရဲ့ လူဘူကူဆူ ဘာသာစကားမှာ အဓိပ္ပါယ်ရပါတယ်။

Khalai ni msichana mwenye umri wa miaka saba. Jina lake lina maana ya ‘aliye mzuri’ katika lugha yake ya Lubukusu.


ကလိုင်ဟာ နိုးလာပြီး လိမ္မော်သီးပင်ကို စကားပြောပါတယ်။ “လိမ္မော်သီးပင်လေးရေ၊ ကျေးဇူးပြုပြီး အမြန်ကြီးလာပြီး မှည့်တဲ့ လိမ္မော်သီးတွေ အများကြီးပေးပါလား” လို့စကားပြောပါတယ်။

Khalai anaamka na kuongea na mmea mchanga wa Mchungwa, “Tafadhali mti wa Mchungwa, kua mkubwa uzae machungwa mengi mabivu.”


ကလိုင်ဟာ ကျောင်းကိုလမ်းလျှောက်သွားပါတယ်။ လမ်းမှာ သူဟာ မြက်ပင်လေးတွေနဲ့ စကာားပြောပါတယ်။ “မြက်ပင်လေးရေ၊ ကျေးဇူးပြုပြီး ပိုမိုစိမ်းလန်းလာပြီး မခြောက်သွေ့သွားပါနဲ့” လို့ပြောပါတယ်။

Khalai anaenda shuleni na njiani anaongea na Nyasi, “Tafadhali Nyasi, kua kijani zaidi na zaidi na wala usikauke.”


ကလိုင်ဟာ ပန်းရိုင်းလေးတွေကိုဖြတ်သွားတယ်။ “ပန်းကလေးတွေရေ၊ ကျေးဇူးပြုပြီး ပွင့်လန်းနေပေးပါ။ ဒါမှ ငါ့ခေါင်းပေါ်မှာ ပန်လို့ရမှာ” လို့စကားပြောပါတယ်။

Khalai anayapita Maua ya mwituni na kusema, “Tafadhali Maua, endelea kunawiri ili niweze kukuweka kwenye nywele zangu.”


ကျောင်းမှာတော့ ကလိုင်ဟာ ကျောင်းဝင်းအလယ်မှာရှိတဲ့ အပင်လေးကို စကားပြောပါတယ်။ “အပင်လေးရေ၊ ကျေးဇူးပြုပြီး အကိုင်းတွေ ဖြာကျလာပေးပါ။ ဒါမှ အရိပ်မှာ စာဖတ်လို့ရမှာ” လို့ပြောပါတယ်။

Akiwa shuleni, Khalai anazunguumza na Mti ulioko katikati ya shule, “Tafadhali Mti, toa matawi makubwa ili tusome chini ya kivuli chako.”


ကလိုင်ဟာ ကျောင်းပတ်လည်မှာရှိတဲ့ ခြံကာမြက်တွေကိုလည်း စကားပြောပါတယ်။ “ကျေးဇူးပြုပြီး သန်မာစွာ ကြီးလာပြီး လူဆိုးတွေ ဝင်လာတာကို တာဆီးပေးပါ” လို့ပြောပါတယ်။

Khalai anazunguumza na ua unaoizingira shule yake, “Tafadhali ua, kuwa mwenye nguvu ili uzuie shule yetu kutokana na watu wabaya.”


ကလိုင်ဟာ ကျောင်းကနေ အိမ်ကို‌ပြန်ရောက်လာတဲ့အခါ သူ့ရဲ့ လိမ္မော်ပင်ဆီကို သွားလည်ပါတယ်။ “လိမ္မော်သီးတွေ မမှည့်သေးဘူးလား” လို့ ကလိုင်က မေးပါတယ်။

Anaporudi nyumbani alasiri, Khalai anautembelea mti wa Mchungwa kuangalia kama machungwa yameiva.


ကလိုင်ဟာသက်ပြင်းချပြီး “ဒီလိမ္မော်သီးတွေဟာ စိမ်းနေတုန်းဘဲ” လို့ပြောပါတယ်။ “မနက်ဖြန်ကျရင်တွေ့မယ်နော် လိမ္မော်ပင်လေး၊ အဲ့ဒီအချိန်ဆို ငါ့အတွက် လိမ္မော်သီးမှည့်လေးတွေရှိမှာပါ” လို့ ကလိုင်က ပြောလိုက်ပါတယ်။

“Machungwa bado mabichi,” Khalai anashusha pumzi. “Nitakuona kesho, we mti wa machungwa. Labda utanipa chungwa bivu wakati huo.”


Written by: Ursula Nafula
Illustrated by: Jesse Pietersen
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 2
Source: Khalai talks to plants from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 4.0 International License.
Options
Back to stories list Download PDF