Download PDF
Back to stories list

ငှက်ပျောသီးသည်တွမ် Tom muuza ndizi

Written by Humphreys Odunga

Illustrated by Zablon Alex Nguku

Translated by Naw Thazin Hpway

Language Burmese

Level Level 2

Narrate full story The audio for this story is currently not available.


တွမ်ဟာ ငှက်ပျောသီးမှည့်တစ်ဗန်းကို ရွက်လာတယ်။

Tom anabeba tenga la ndizi zilizoiva.


တွမ်ဟာ ဈေးထဲမှာငှက်ပျောသီး သွားရောင်းဖို့ဖြစ်တယ်။

Tom anaenda sokoni kuuza ndizi.


ဈေးထဲကလူတွေဟာ သစ်သီးဝလံတွေကို ဝယ်နေကြတယ်။

Sokoni watu wananunua matunda.


ဒါပေမယ့် ဘယ်သူမှ တွမ်ရဲ့ငှက်ပျောသီးကို မဝယ်ကြဘူး။ သူတို့ဟာ အမျိုးသမီးတွေရဲ့ သစ်သီးဝလံတွေကိုဘဲ ဝယ်လိုကြတယ်။

Lakini hakuna anayenunua ndizi za Tom. Wanapenda kununua matunda kutoka kwa akina mama.


လူတွေက “ငါတို့လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေဘဲ သစ်သီးဝလံရောင်းကြတယ်။ ဘယ်လိုယောက်ျားမျိုးလဲမသိဘူး” ဆိုပြီး ပြောကြ မေးခွန်းထုတ်ကြတယ်။

“Kwenye jamii yetu, ni wanawake pekee ndio wanaouza matunda,” watu wanasema. “Ni mwanamume wa aina gani huyu?” watu wanahoji.


ဒါပေမယ့်တွမ်က အရှုံးမပေးပါဘူး။ “ကျွန်တော့်ငှက်ပျောသီးတွေဝယ်ကြပါဦး၊ ချိုမှည့်တဲ့ ကျွန်တော့်ရဲ့ ငှက်ပျောသီးတွေ ဝယ်ကြပါဦး” လို့ ခေါ်ရောင်းပါတယ်။

Lakini Tom hakati tamaa. Anaita, “Nunua ndizi zangu! Nunueni ndizi zangu tamu zilizoiva!”


အမျိုးသမီးတစ်ဦးဟာ ဗန်းပေါ်မှာရှိတဲ့ ငှက်ပျောသီးတစ်ဖီးကိုယူလိုက်ပါတယ်။ သူဟာ ငှက်ပျောသီးကို သေချာကြည့်လိုက်ပါတယ်။

Mwanamke mmoja anachukua kichane cha ndizi kutoka kwenye tenga. Anaziangalia ndizi kwa umakini.


အမျိုးသမီးဟာ ငှက်ပျောသီးတွေကိုဝယ်လိုက်ပါတယ်။

Mwanamke ananunua ndizi.


လူတွေ ဆိုင်တန်းဆီကို ဒီထက်ပိုများများရောက်လာပါတယ်။ တွမ်ရဲ့ ငှက်ပျောသီးကို ဝယ်ပြီးစားကြပါတယ်။

Watu wengine wanakuja kwenye kichanja. Wananunua ndizi za Tom na kuzila.


သိပ်မကြာခင်မှာဘဲ တွမ်ရဲ့ဗန်းဟာ ကုန်သွားပါတယ်။ တွမ်ဟာ သူရတဲ့ပိုက်ဆံတွေကို ရေတွက်ပါတယ်။

Mara, tenga linakuwa tupu. Tom anahesabu pesa alizopata.


ပြီးနောက်တွမ်ဟာ ဆပ်ပြာ၊ သကြားနဲ့ ပေါင်မုန့်တွေကို ဝယ်ယူပါတယ်။ သူကအဲ့ဒီအရာတွေကို ဗန်းထဲ ထည့်လိုက်ပါတယ်။

Tom ananunua sabuni, sukari, na mkate. Anaweka vitu kwenye tenga lake.


တွမ်ဟာ ဗန်းကိုဟန်ချက်ညီညီခေါင်းပေါ်တင်ပြီး အိမ်ပြန်သွားပါတယ်။

Tom anajitwisha tenga kichwani na kwenda nyumbani.


Written by: Humphreys Odunga
Illustrated by: Zablon Alex Nguku
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 2
Source: Tom the banana seller from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 4.0 International License.
Options
Back to stories list Download PDF