Download PDF
Back to stories list

ဆုံးဖြတ်ချက် Uamuzi

Written by Ursula Nafula

Illustrated by Vusi Malindi

Translated by Naw Thazin Hpway

Language Burmese

Level Level 2

Narrate full story The audio for this story is currently not available.


ကျွန်တော့်ရွာမှာ ပြဿနာတွေအများကြီး ရှိပါတယ်။ ရေပုတ်ပါမှာ ရေရဖို့ အရှည်ကြီး တန်းစီရပါတယ်။

Kijiji changu kilikuwa na matatizo mengi. Tulipanga foleni ndefu tukisubiri kuchota maji kutoka mfereji mmoja.


အခြားသူတွေ အစားအသောက်လာလှူတာကို စောင့်ရပါတယ်။

Tulisubiri kupokea msaada wa chakula.


အိမ်ကိုလည်း သူခိုးကပ်မှာစိုးလို့ သော့ခတ်ထားရပါတယ်။

Tulifunga nyumba zetu mapema kwasababu ya wizi.


ကလေးတွေတော်တော်များများကလည်း ကျောင်းထွက်လိုက်ရပါတယ်။

Watoto wengi waliacha shule.


မိန်းကလေးငယ်ငယ်လေးတွေဟာ အခြားရွာမှာ အိမ်အကူအနေနဲ့ အလုပ်လုပ်ရပါတယ်။

Wasichana wadogo walifanya kazi za nyumbani kwenye vijiji vingine.


တစ်ချို့ယောကျ်ားတွေက အခြားသူတွေရဲ့ လယ်မှာအလုပ်လုပ်နေတဲ့အချိန်မှာ ငယ်ရွယ်တဲ့ ကောင်လေးတွေဟာ ရွာထဲမှာ လှည့်လည်လမ်းလျှောက်နေကြပါတယ်။

Wavulana wadogo waliranda randa kijijini na wengine walifanya kazi kwenye mashamba ya watu.


လေတိုက်တဲ့အခါမှာ စက္ကူအစုတ်တွေဟာ သစ်ပင်နဲ့ ခြံစည်းရိုးတွေမှာ လာချိတ်နေကြပါတယ်။

Upepo ulipovuma, ulipeperusha karatasi chafu na kuzifikisha mitini na uani.


စည်းကမ်းမဲ့ပစ်ထားတဲ့ ဖန်ကွဲစတွေကြောင့် လူတွေတွေများများ အရှခံရပါတယ်။

Watu walikatwa na vipande vya chupa vilivyotupwa ovyo ovyo.


အဲ့ဒါနဲ့တစ်နေ့တော့ ရေပုတ်ပါမှာ ရေတွေခမ်းသွားတဲ့အတွက် ကွန်တော်တို့ရဲ့ ရေပုံးတွေမှာ ရေမဲ့သွားပါတယ်။

Halafu siku moja, mfereji wa maji ulikauka na mitungi yetu ikawa mitupu.


ကျွန်တော်ရဲ့အဖေဟာ တစ်အိမ်ဝင်တစ်အိမ်ထွက် ရွာအစည်းအဝေးကိုလာဖို့ ပြောပါတယ်။

Baba yangu alitembea nyumba hadi nyumba akiwaomba watu kuhudhuria mkutano wa kijiji.


လူတွေဟာ သစ်ပင်ကြီးအောက်မှာစုပြီး နားထောင်ကြပါတယ်။

Watu walikusanyika chini ya mti mkubwa na kusikiliza.


ကျွန်တော်အဖေကထပြီး “ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ကျွန်တော်တို့ အတူတကွ ဖြေရှင်းကြဖို့လိုတယ်” လို့ပြောတယ်။

Baba yangu alisimama na kusema, “Tunahitaji kusaidiana kutatua matatizo yetu.”


သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ၈နှစ်အရွယ် ဂျူမားက “သန်ရှင်းရေးနဲ့ ကျွန်တော်ကူညီနိုင်တယ်” လို့အော်ပြောပါတယ်။

Juma, mtoto wa miaka minane aliyekuwa amekaa kwenye tawi la mti, alisema kwa sauti, “Naweza kusaidia na usafi.”


အမျိုးသမီးတစ်ဦးက “အစားသောက်တွေစိုက်ပျိုးဖို့ ကျွန်မနဲ့ လာဆက်သွယ်နိုင်ပါတယ်။” လို့ ပြောပါတယ်။

Mwanamke mmoja alisema, “Sisi wanawake tunaweza kuungana na kulima.”


အခြားသော ယောကျာ်းတစ်ဦးက မတ်တပ်ရပ်ပြီး “အမျိုးသားတွေက ရေတွင်းတူးပါမယ်လို့” ပြောလိုက်ပါတယ်။

Mwanamume mwingine alisimama na kusema, “Wanaume watachimba kisima cha maji.”


ကျွန်တော်တို့အားလုံးက “ကျွန်ုပ်တို့ဘဝကို ကျွန်ုပ်တို့ပြောင်းလဲရမယ်” လို့ သံပြိုင်ညီ အော်လိုက်ပါတယ်။ အဲ့ဒီနေ့ကစပြီး ကျွန်တော်တို့ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အတူတကွ အလုပ်လုပ်ကြပါတယ်။

Sote tulisema kwa sauti moja, “Lazima tubadilishe maisha yetu.” Tangu siku hiyo, tulifanya kazi pamoja kutatua shida zetu.


Written by: Ursula Nafula
Illustrated by: Vusi Malindi
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 2
Source: Decision from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 4.0 International License.
Options
Back to stories list Download PDF