Download PDF
Back to stories list

ဘောလုံးကြယ်ပွင့်လေး အန်းဒီစဝါ Andiswa Nyota wa Mpira wa Miguu

Written by Eden Daniels

Illustrated by Eden Daniels

Translated by Naw Thazin Hpway

Language Burmese

Level Level 2

Narrate full story The audio for this story is currently not available.


အန်းဒီစဝါဟာ ကောင်လေးတွေ ဘောလုံးကန်တာကို ကြည့်ပါတယ်။ သူဟာလည်း သူတို့နဲ့အတူ ဝင်ကစားနိုင်ဖို့ အလိုရှိပါတယ်။ သူ့ရဲ့ နည်းပြကို သူတို့နဲ့တူတူ လေ့ကျင့်နိုင်မလားလို့ မေးပါတယ်။

Andiswa alikuwa anawaangalia wavulana wakicheza mpira wa miguu. Alitamani kujiunga nao. Akamwomba kocha kufanya nao mazoezi.


နည်းပြက သူ့ရဲ့တင်ကိုထောက်ပြီး “ဒီကျောင်းမှာ ယောကျာ်းလေးတွေဘဲ ဘောလုံးကစားနိုင်တာ” လို့ ပြောပါတယ်။

Kocha akaweka mikono kiunoni. “Kwenye shule hii, ni wavulana pekee wanaoruhusiwa kucheza mpira wa miguu,” alisema.


ကောင်လေးတွေက သူ့ကို ပိုက်ကျော် ဘောလုံးကစားနည်းတွေကိုဘဲ သွားကစားဖို့ပြောပါတယ်။ ပိုက်ကျော်ဘောလုံးကစားနည်းက မိန်းကလေးတွေအတွက်ဖြစ်ပြီး ဘောလုံးကန်တာက ယောကျ်ားလေးတွေအတွက်ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အန်းဒီစဝါဟာ စိတ်ပျက်သွားပါတယ်။

Wavulana walimwambia aende kucheza mpira wa wavu. Walisema mpira wa wavu ni kwa ajili ya wasichana na mpira wa miguu ni kwa wavulana. Andiswa alijisikia vibaya.


နောက်တစ်နေ့မှာတော့ ကျောင်းမှာ ဘောလုံးကစားပွဲကြီးတစ်ခု ရှိပါတယ်။ နည်းပြက သူ့ရဲ့အတော်ဆုံး ကစားသမားဟာ ဖျားပြီး မကစားနိုင်တော့တဲ့အတွက် စိတ်ပူနေရပါတယ်။

Siku iliyofuata, shule yao ilikuwa na mashindano makubwa ya mpira wa miguu. Kocha alikuwa na wasiwasi kwa kuwa mchezaji wake wa kutegemewa alikuwa mgonjwa na asingecheza.


အန်းဒီစဝါဟာ နည်းပြဆီပြေးလာပြီး သူ့ကို ဘောလုံးပေးကန်ဖို့ တောင်းဆိုပါတယ်။ နည်းပြကလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ဒါနဲ့ သူဟာ အန်းဒီစဝါကို အသင်းထဲ ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

Andiswa alimwendea kocha na kumuomba kumruhusu acheze. Kocha hakujua afanye nini. Akaamua kumruhusu Andiswe ajiunge na timu.


ကစားပွဲက အတော်လေး ကြမ်းပါတယ်။ ပွဲတစ်ဝတ်လောက်ထိ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

Mchezo ulikuwa mgumu. Hakuna timu yoyote iliyokuwa imefunga goli hadi muda wa mapumziko.


ဒုတိယပိုင်းမှာတော့ ကောင်လေးတွေဟာ ဘောလုံးကို အန်းဒီစဝါဆီ ပေးလိုက်တဲ့အခါမှာ သူဟာ ဂိုးတိုင်ဆီ အမြန် သယ်သွားပါတယ်။ သူဟာ ဘောလုံးကို ခပ်ပြင်းပြင်းကန်လိုက်တဲ့အခါမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

Wakati wa kipindi cha pili kijana mmoja alimpatia Andiswa mpira. Akakimbia kwa kasi sana kuelekea golini. Akaupiga mpira kwa nguvu na akafunga goli.


ပရိတ်သတ်တွေဟာ ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေနဲ့အတူ တခဲနက် အားပေးကြပါတယ်။ အဲ့ဒီနေ့ကစပြီး ကျောင်းမှာ မိန်းကလေးတွေကိုလည်း ဘောလုံးကန်ခွင့် ပြုလိုက်ပါတယ်။

Umati ukashangilia kwa vifijo na furaha. Kuanzia siku hiyo, wasichana waliruhusiwa kucheza mpira wa miguu kwenye timu ya shule.


Written by: Eden Daniels
Illustrated by: Eden Daniels
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 2
Source: Andiswa Soccer Star from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution-NonCommercial 3.0 International License.
Options
Back to stories list Download PDF