တစ်ခါတုန်းက ပျော်ရွင်တဲ့မိသားစုတစ်စုရှိပါတယ်။
Había una vez una familia que vivía muy feliz.
သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ ရန်မဖြစ်ကြပါဘူး။ သူတို့ဟာ လယ်တွေနဲ့ အိမ်တွေမှာ သူတို့မိဘကို ကူညီကြပါတယ်။
Nunca peleaban. Los hijos ayudaban a sus padres en el hogar y en los huertos.
ဒါပေမယ့် သူတို့ဟာ မီးနားမှာ ဘယ်တော့မှသွားခွင့်မရခဲပါဘူး။
Pero tenían prohibido acercarse al fuego.
သူတို့ဟာ အလုပ်ကိုညအချိန်မှာဘဲလုပ်ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဖယောင်းနဲ့ လုပ်ထားလို့ပါဘဲ။
Tenían que hacer todo su trabajo por las noches. ¡Porque eran niños de cera!
ဒါပေမယ့် သူတို့ထဲက ကောင်လေးတစ်ယောက်ဟာ နေရောင်ခြည်အောက်ကို သွားလိုတဲ့ဆန္ဒရှိပါတယ်။
Pero uno de los chicos sentía un fuerte deseo por salir a la luz del sol.
တစ်နေ့မှာတော့ သူရဲ့သွားလိုစိတ်ကပျင်းပြလွန်းသွားပါတယ်။ သူ့ရဲ့ညီလေးတွေကတော့ သူ့ကိုတားကြပါတယ်…
Un día su deseo fue muy fuerte. Sus hermanos le advirtieron que no lo hiciera…
ဒါပေမယ့် အရမ်းကိုနောက်ကျသွားပါပြီ။ သူဟာ ပူလွန်းတဲ့ နေရောင်ခြည်အောက်မှာ အရည်ပျော်ကျသွားပါတယ်။
¡Pero ya era tarde! Se derritió con el calor del sol.
ဖယောင်းကလေးတွေဟာ အရည်ပျော်သွားတဲ့သူတို့ရဲ့ အစ်ကိုကိုကြည့်ပြီး အရမ်းကိုဝမ်းနည်းသွားကြပါတယ်။
Los niños de cera se entristecieron de ver a su hermano derritiéndose.
ဒါပေမယ့်သူတို့ အစီအစဉ်တစ်ခုကို လုပ်ကြပါတယ်။ သူတို့ဟာ အရည်ပျော်ကျသွားတဲ့ ဖယောင်းခဲကြီးကိုယူပြီးတော့ ငှက်ပုံပြောင်းလိုက်ပါတယ်။
Pero hicieron un plan. Tomaron los restos de cera derretida y le dieron la forma de un ave.
အရည်ပျော်ကျသွားတဲ့ အစ်ကိုငှက်ဖယောင်းရုပ်ကြီးကို တောင်အမြင့်ကြီးမှာ သွားတင်လိုက်ပါတယ်။
Llevaron a su hermano ave a lo alto de una montaña.
နေထွက်လာတဲ့အချိန်မှာ သူဟာမနက်ခင်းအလင်းရောင်နဲ့အတူ သီချင်းဆိုပြီး ပျံထွက်သွားပါတယ်။
Y cuando salió el sol, el ave se fue volando y cantando con la luz del amanecer.