Descargar PDF
Regresar a lista de cuentos

ငှက်ပျောသီးသည်တွမ် Tom, el vendedor de plátanos

Texto Humphreys Odunga

Ilustraciones Zablon Alex Nguku

Translated by Naw Thazin Hpway

Lengua birmano

Nivel Nivel 2

Contar el cuento completo El audio no está disponible actualmente.


တွမ်ဟာ ငှက်ပျောသီးမှည့်တစ်ဗန်းကို ရွက်လာတယ်။

Tom lleva una cesta de plátanos maduros.


တွမ်ဟာ ဈေးထဲမှာငှက်ပျောသီး သွားရောင်းဖို့ဖြစ်တယ်။

Tom va al mercado a vender plátanos.


ဈေးထဲကလူတွေဟာ သစ်သီးဝလံတွေကို ဝယ်နေကြတယ်။

La gente compra fruta en el mercado.


ဒါပေမယ့် ဘယ်သူမှ တွမ်ရဲ့ငှက်ပျောသီးကို မဝယ်ကြဘူး။ သူတို့ဟာ အမျိုးသမီးတွေရဲ့ သစ်သီးဝလံတွေကိုဘဲ ဝယ်လိုကြတယ်။

Pero nadie compra los plátanos de Tom. Prefieren comprarle a las mujeres.


လူတွေက “ငါတို့လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေဘဲ သစ်သီးဝလံရောင်းကြတယ်။ ဘယ်လိုယောက်ျားမျိုးလဲမသိဘူး” ဆိုပြီး ပြောကြ မေးခွန်းထုတ်ကြတယ်။

“En nuestra comunidad, sólo las mujeres venden fruta,” le dice la gente. “¿Qué clase de hombre es éste?” se pregunta la gente.


ဒါပေမယ့်တွမ်က အရှုံးမပေးပါဘူး။ “ကျွန်တော့်ငှက်ပျောသီးတွေဝယ်ကြပါဦး၊ ချိုမှည့်တဲ့ ကျွန်တော့်ရဲ့ ငှက်ပျောသီးတွေ ဝယ်ကြပါဦး” လို့ ခေါ်ရောင်းပါတယ်။

Pero Tom no se rinde. Sigue gritando, “¡Compren mis plátanos! ¡Compren mis dulces plátanos maduros!”


အမျိုးသမီးတစ်ဦးဟာ ဗန်းပေါ်မှာရှိတဲ့ ငှက်ပျောသီးတစ်ဖီးကိုယူလိုက်ပါတယ်။ သူဟာ ငှက်ပျောသီးကို သေချာကြည့်လိုက်ပါတယ်။

Una mujer coge un montón de plátanos de la bandeja. Revisa las plátanos cuidadosamente.


အမျိုးသမီးဟာ ငှက်ပျောသီးတွေကိုဝယ်လိုက်ပါတယ်။

La mujer compra los plátanos.


လူတွေ ဆိုင်တန်းဆီကို ဒီထက်ပိုများများရောက်လာပါတယ်။ တွမ်ရဲ့ ငှက်ပျောသီးကို ဝယ်ပြီးစားကြပါတယ်။

Más gente viene al puesto. Compran los plátanos de Tom y se las comen.


သိပ်မကြာခင်မှာဘဲ တွမ်ရဲ့ဗန်းဟာ ကုန်သွားပါတယ်။ တွမ်ဟာ သူရတဲ့ပိုက်ဆံတွေကို ရေတွက်ပါတယ်။

Al poco rato, la cesta está vacía. Tom cuenta el dinero que ganó.


ပြီးနောက်တွမ်ဟာ ဆပ်ပြာ၊ သကြားနဲ့ ပေါင်မုန့်တွေကို ဝယ်ယူပါတယ်။ သူကအဲ့ဒီအရာတွေကို ဗန်းထဲ ထည့်လိုက်ပါတယ်။

Luego, Tom compra jabón, azúcar y pan. Pone las cosas en su cesta.


တွမ်ဟာ ဗန်းကိုဟန်ချက်ညီညီခေါင်းပေါ်တင်ပြီး အိမ်ပြန်သွားပါတယ်။

Tom carga la cesta sobre su cabeza y se va a casa.


Texto: Humphreys Odunga
Ilustraciones: Zablon Alex Nguku
Translated by: Naw Thazin Hpway
Lengua: birmano
Nivel: Nivel 2
Fuente: Tom the banana seller del African Storybook
Licencia Creative Commons
Esta obra está bajo una Creative Commons Atribución 4.0 Internacional.
Opciones
Regresar a lista de cuentos Descargar PDF