Descargar PDF
Regresar a lista de cuentos

ကလိုင်ဟာ အပင်တွေကို စကားပြောတယ် Khalai le habla a las plantas

Texto Ursula Nafula

Ilustraciones Jesse Pietersen

Translated by Naw Thazin Hpway

Lengua birmano

Nivel Nivel 2

Contar el cuento completo El audio no está disponible actualmente.


သူဟာ ကလိုင်ဖြစ်ပါတယ်။ အသက်၇နှစ်ရှိပြီဖြစ်ပါတယ်။ သူ့နာမည်ဟာ “ကောင်းတဲ့သူ”လို့ သူ့ရဲ့ လူဘူကူဆူ ဘာသာစကားမှာ အဓိပ္ပါယ်ရပါတယ်။

Ella es Khalai. Tiene siete años. Su nombre significa “bondadosa” en su idioma llamado Lubukusu.


ကလိုင်ဟာ နိုးလာပြီး လိမ္မော်သီးပင်ကို စကားပြောပါတယ်။ “လိမ္မော်သီးပင်လေးရေ၊ ကျေးဇူးပြုပြီး အမြန်ကြီးလာပြီး မှည့်တဲ့ လိမ္မော်သီးတွေ အများကြီးပေးပါလား” လို့စကားပြောပါတယ်။

Khalai despierta y le habla a los naranjos. “Por favor naranjos crezcan mucho para que nos den muchas naranjas maduras.”


ကလိုင်ဟာ ကျောင်းကိုလမ်းလျှောက်သွားပါတယ်။ လမ်းမှာ သူဟာ မြက်ပင်လေးတွေနဲ့ စကာားပြောပါတယ်။ “မြက်ပင်လေးရေ၊ ကျေးဇူးပြုပြီး ပိုမိုစိမ်းလန်းလာပြီး မခြောက်သွေ့သွားပါနဲ့” လို့ပြောပါတယ်။

Khalai le habla al pasto mientras camina a su escuela. “Por favor pasto, crece muy verde y nunca te seques.”


ကလိုင်ဟာ ပန်းရိုင်းလေးတွေကိုဖြတ်သွားတယ်။ “ပန်းကလေးတွေရေ၊ ကျေးဇူးပြုပြီး ပွင့်လန်းနေပေးပါ။ ဒါမှ ငါ့ခေါင်းပေါ်မှာ ပန်လို့ရမှာ” လို့စကားပြောပါတယ်။

Khalai pasa frente a unas flores silvestres. “Por favor flores, sigan floreciendo para ponerlas en mi cabello.”


ကျောင်းမှာတော့ ကလိုင်ဟာ ကျောင်းဝင်းအလယ်မှာရှိတဲ့ အပင်လေးကို စကားပြောပါတယ်။ “အပင်လေးရေ၊ ကျေးဇူးပြုပြီး အကိုင်းတွေ ဖြာကျလာပေးပါ။ ဒါမှ အရိပ်မှာ စာဖတ်လို့ရမှာ” လို့ပြောပါတယ်။

En la escuela, Khalai le habla a un árbol que está en medio del recinto. “Por favor árbol, crece con ramas muy grandes para que podamos leer bajo tu sombra.”


ကလိုင်ဟာ ကျောင်းပတ်လည်မှာရှိတဲ့ ခြံကာမြက်တွေကိုလည်း စကားပြောပါတယ်။ “ကျေးဇူးပြုပြီး သန်မာစွာ ကြီးလာပြီး လူဆိုးတွေ ဝင်လာတာကို တာဆီးပေးပါ” လို့ပြောပါတယ်။

Khalai le habla a la cerca de arbustos que rodea su escuela. “Por favor, crece muy fuerte para que detengas a la gente mala que quiera entrar.”


ကလိုင်ဟာ ကျောင်းကနေ အိမ်ကို‌ပြန်ရောက်လာတဲ့အခါ သူ့ရဲ့ လိမ္မော်ပင်ဆီကို သွားလည်ပါတယ်။ “လိမ္မော်သီးတွေ မမှည့်သေးဘူးလား” လို့ ကလိုင်က မေးပါတယ်။

Cuando Khalai vuelve a casa, ella visita al naranjo y le pregunta: “¿Están listas tus naranjas?”


ကလိုင်ဟာသက်ပြင်းချပြီး “ဒီလိမ္မော်သီးတွေဟာ စိမ်းနေတုန်းဘဲ” လို့ပြောပါတယ်။ “မနက်ဖြန်ကျရင်တွေ့မယ်နော် လိမ္မော်ပင်လေး၊ အဲ့ဒီအချိန်ဆို ငါ့အတွက် လိမ္မော်သီးမှည့်လေးတွေရှိမှာပါ” လို့ ကလိုင်က ပြောလိုက်ပါတယ်။

“Las naranjas aún se ven verdes,” dice Khalai. “Nos vemos mañana, naranjo,” Khalai continúa. “¡Quizás, mañana tendrás una naranja lista y madura para mí!”


Texto: Ursula Nafula
Ilustraciones: Jesse Pietersen
Translated by: Naw Thazin Hpway
Lengua: birmano
Nivel: Nivel 2
Fuente: Khalai talks to plants del African Storybook
Licencia Creative Commons
Esta obra está bajo una Creative Commons Atribución 4.0 Internacional.
Opciones
Regresar a lista de cuentos Descargar PDF