တစ်နေ့မှာ ယုန်လေးဟာ မြစ်ကမ်းနာတစ်လျှောက် လမ်းလျှောက်လာပါတယ်။
فِي أَحَدِ اَلْأَيَّامِ، كَانَ أَرْنَبٌ يَمْشِي بِاْلْقُرْبِ مِنْ حَافَةِ النَّهْرِ.
ရေမြင်းလည်း အဲ့ဒီနားမှာဘဲ လမ်းလျှောက်ရင် စိမ်းပြီးကောင်းမွန်တဲ့ မြက်ပင်တွေကို စားနေပါတယ်။
كَانَ هُنَاكَ أَيْضًا فَرَسُ نَهْرٍ جَاءَتْ في نُزْهَةٍ، وَكَانَتْ تَأْكُلُ بَعْضَ العُشْبِ الأَخْضَرِ اللَّذِيذِ.
ရေမြင်းဟာ ယုန်ကိုမမြင်ဘဲနဲ့ ယုန်ရဲ့ခြေထောက်ကို မတော်တဆ နင်းမိသွားပါတယ်။ ယုန်က ရေမြင်းကို “ရေမြင်း၊ ခင်ဗျားကျွန်တော့်ရဲ့ ခြေထောင်ကို နင်းမိတာ မသိဘူးလား” လို့ အာခေါင်ခြစ်အော်ပါတယ်။
لَمْ تَكُنْ اَلْفَرَسُ تَعْرِفُ بِوُجُودِ اَلأَرْنَبِ فَدَاسَتْ بِطَريقِ اَلْخَطَأَ عَلى قَدَمِهِ.
صَرَخَ الأرْنَبُ بِوَجْهِ فَرَسِ اَلْنَّهْر، “أَنْتِ يَا فَرَسَ اَلْنَّهْرِ! أَلاَ تَرَيْنَ أَنَّكِ دُسْتِ عَلَى قَدَمِي؟”
ရေမြင်းက ယုန်ကို “ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို မမြင်လိုက်လို့ပါ။ ကျွန်မကို ခွင့်လွတ်ပေးပါ” လို ပြောပါတယ်။ ဒါပေမယ့် ယုန်ကနားမထောင်ဘဲ “ခင်ဗျားရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ၊ တစ်နေ့ ခင်ဗျားတွေ့မယ်။ ခင်ဗျားပြန်ပေးဆပ်ရမယ်” လို့ အော်ပြောပါတယ်။
اِعْتَذَرَتْ فَرَسُ اَلْنَّهْرِ، وَقَالَتْ، “أَنَا آسِفةٌ يَا صَدِيقِي، فَأَنَا لَمْ أَرَكَ … أَرْجُوكَ سَامِحْنِي”.
لَكِنَّ الأَرْنَبَ لَمْ يَسْمَعْ كَلاَمَهَا وَصَرَخَ بِهَا، “أَنْتِ قَصَدْتِ هَذَا وَسَتَدْفَعِينَ اَلثَّمَنَ”!
ယုန်ဟာမီးကိုရှာပြီး “သွား ရေမြင်း ရေကနေထွက်လာပြီး မြက်စားတာနဲ့ မီးနဲ့ ရှို့လိုက်။ သူက ငါ့ကို နင်းတယ်” လို့ပြောလိုက်ပါတယ်။ မီးက “ကိစ္စမရှိဘူး ငါ့သူငယ်ချင်းယုန်။ ခင်ဗျားပြောသလို ကျွန်တော်လုပ်ပေးမယ်” ဆိုပြီး ပြန်ဖြေလိုက်ပါတယ်။
ذَهَبَ اَلأَرْنَبُ ليَبْحَثَ عَنِ النّار وَقَالَ، “اِذْهَبِي وَاَحْرِقِي فَرَسَ اَلْنًّهْرِ عِنْدَمَا تَأْتِ إِلَى المَاءِ لِتَأْكُلَ اَلْعُشْبَ لِأَنَّهَا دَاسَتْ عَلَيَّ”. أَجَابَتْهُ النَّارُ، “سَأَفْعَلُ مَا طَلَبتَ مِنِّي يَا صَدِيقِي”.
အဲ့ဒီနောက် ရေမြင်းဟာ မြက်စားဖို့အတွက် မြစ်ကနေထွက်လာတဲ့အခါမှာ “ဝုရှ်” ဆိုပြီးတော့ မီးဟာ မီးတောက်တွေနဲ့ သူ့ကိုလောင်ကျွမ်းသွားပါတယ်။ အဲ့ဒီမီးတောက်တွေဟာ ရေမြင်းရဲ့ အမွှေးတွေကို လောင်ကျွမ်းစေလိုက်ပါတယ်။
وَبَعْدَ ذَلِكَ بَيْنَمَا كَانَتْ فَرَسُ اَلنَّهْرِ تَأْكُلُ اَلْعُشْبَ، اِنْدَلَعَتِ النِّيرَانُ وَبَدَأَتْ بِحَرْقِ شَعْرِ فَرَسِ اَلنَّهْرِ.
ရေမြင်းဟာ စတင်ငိုကြွေးပြီး ရေထဲကိုပြေးသွားပါတယ်။ သူ့ရဲ့အမွှေးတွေအကုန် မီးလောင်သွားပါတယ်။ ရေမြင်းက “ငါ့ရဲ့အမွေးတွေ မီးနဲ့လောင်ကျွမ်းကုန်ပြီ။ ငါ့ရဲ့အမွှေးတွေ အကုန်ကုန်ပြီ။ ငါ့ရဲ့ အရမ်းလှတဲ့ အမွှေးတွေ” ဆိုပြီး ဆက်ငိုနေပါတယ်။
بَدَأَتْ فَرَسُ النَّهْرِ بِالبُكَاءِ ثُمَّ رَكَضَتْ إِلَى اَلْمَاءِ. لَقَدْ أَحْرَقَتْ اَلنَّارُ كُلَّ شَعْرهَا.
ظَلَّت فَرَسُ اَلنَّهْرِ تَبْكِي، “لَقَدْ اِحْتَرَقَ كُلُّ شَعْري بِالنَّارِ، لَقَدْ أَحْرَقْتِ كُلَّ شَعْري ذَهَبَ كُلُّ شَعْرِي! شَعْرِي اَلجَمِيلُ، شَعْرِي اَلْجَميلُ”!
ရေမြင်းရဲ့ အမွှေးတွေ မီးလောင်ကုန်လို့ ယုန်က ပျော်ရွှင်နေပါတယ်။ အဲ့ဒီနေ့ကစပြီးတော့ ရေမြင်းဟာ မီးကိုကြောက်ပြီး ရေထဲကနေ ဘယ်တော့မှဝေးဝေးမသွားတော့ပါဘူး။
فَرِحَ الأَرْنَبُ أَنَّ شَعْرَ فَرَسِ النَّهْرِ قَدْ احْتَرَقَ.
وَحَتَّى يَوْمِنَا هَذَا، وَخَوْفًا مِنَ النَّارِ، لاَ تَبْتَعِدُ فَرَسُ النَّهْرِ عَنِ المَاءِ أَبَدًا.