Download PDF
Back to stories list

မြို့ကိုသွားဖို့အတွက် အိမ်ကနေထွက်ခွာလာခြင်း Siku niliyoondoka nyumbani kuelekea mjini

Written by Lesley Koyi, Ursula Nafula

Illustrated by Brian Wambi

Translated by Naw Thazin Hpway

Language Burmese

Level Level 3

Narrate full story The audio for this story is currently not available.


ကျွန်တော့ရဲ့ရွာမှာရှိတဲ့ ဘတ်စ်ကားဂိတ်သေးသေးလေးဟာ လူတွေနဲ့ ရှုပ်နေပြီး ဘတ်စ်ကားတွေကလည်း လူတင်ထားတာအလွန်အကျွံများပြားနေပါတယ်။ အောက်မှာဆိုရင် ပစ္စည်းတွေနဲ့ ပိုပြီးလေးလံနေပါတယ်။ လက်မှတ်ရောင်းသမားတွေကလည်း သူတို့ရဲ့ ဘတ်စ်ကားသွားမယ့်နေရာတွေရဲ့အမည်ကို အော်နေပါတယ်။

Kituo kidogo cha mabasi kijijini mwetu kilijaa shughuli za watu na mabasi. mabasi mengi yalikuwa yamejaa mizigo. Chini, palikuwa na mizigo zaidi ya kupakia. Makondakta walikuwa wanataja majina ya sehemu mabasi yalikokuwa yanaelekea.


“မြို့ကို၊ မြို့ကို၊ အနောက်ဘက်ကိုသွားမယ်” ဆိုတဲ့ လတ်မှတ်ရောင်းသမားရဲ့ အော်သံကိုကြားလိုက်ပါတယ်။ အဲ့ဒီရဲ့ ဘတ်စ်ကားဟာ ကျွန်တော်လိုက်သွားရမယ့် ဘတ်စ်ကားဘဲ။

“Mjini! Mjini! Magharibi!” Nilisikia kondakta akiita kwa sauti. Lile ndilo basi nililohitaji kupanda.


မြို့ကိုသွားမယ့် ဘတ်စ်ကားဟာ ပြည့်ခါနီးနေပါပြီ၊ ဒါပေမယ့် လူတွေက တိုးကြိတ်ပြီးတက်နေတုန်းပါဘဲ။ တစ်ချို့က သူတို့အိတ်ကို ကားအောက်မှထားပါတယ်။ တစ်ချို့တော့ သူတို့အိတ်ကို ကားပေါ်က တန်းထဲမှာထားပါတယ်။

Basi la kwenda mjini lilikaribia kujaa, lakini watu wengine walikuwa wanasukumana kupanda. Baadhi yao walipakia mizigo chini ya basi. Wengine waliiweka katika sehemu ya juu.


ခရီးသည်အသစ်တွေဟာ သူတို့ရဲ့လတ်မှတ်ကို ဆောင့်ဆွဲယူပြီး လူတွေနဲ့ပြည်နက်နေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ဖို့နေရာလိုက်ရှာပါတယ်။ ကလေးငယ်ပါတဲ့ အမျိုးသမီးတွေဟာ ခရီးရှည်တစ်လျှောက်လုံး သူတို့ကလေးကို သက်သောင့်သက်သာဖြစ်စေပါတယ်။

Abiria wapya walishika tiketi zao huku wakitafuta mahali pa kukaa. Wanawake waliokuwa na watoto wodogo waliwatayarisha kwa safari hiyo ndefu.


ကျွန်တော်ကတော့ ပြတင်းပေါက်နားမှာ ကျုံ့ကျုံ့လေးထိုင်လိုက်ပါတယ်။ ကျွန်တော့နားမှာ ထိုင်တဲ့သူက ပလတ်စတစ်အိတ်အစိမ်းရောင်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားပါတယ်။ သူဟာ ညှပ်ဖိနပ်အဟောင်း၊ စုတ်နေတဲ့ကုတ်အင်္ကျီ ဝတ်ထားပြီး စိတ်လှုပ်ရှားနေပုံပေါ်ပါတယ်။

Nilijipenyeza ndani na kukaa karibu na dirisha. Mtu aliyeketi karibu nami alishika mfuko wa plastiki wa kijani kibichi. Alivaa viatu vilivyochakaa, koti kuukuu na alionekana kuwa na wasiwasi.


ကျွန်တော်ဟာ ဘတ်စ်ကားရဲ့ အပြင်ဘက်ကိုရှိပြီး ကျွန်တော်ကြီးပြင်းလာတဲ့ ရွာကနေထွက်ခွာလာနေကြောင်း သိနားလည်လိုက်ပါတယ်။ ကျွန်တော်ဟာ မြို့ကြီးကိုသွားနေပါတယ်။

Niliangalia nje na kutambua kwamba nilikuwa naondoka kijijini kwangu, mahali ambapo nililelewa. Nilikuwa naenda katika mji mkubwa.


လူတွေတက်တာပြည့်သွားတဲ့အခါမှာ ခရီးသည်တွေဟာ နေရာယူကြပါတယ်။ ခေါင်းရွက်ဈေးသည်တွေကတော့ သူတို့ရောင်းတာတွေကုန်အောင် ဘတ်စ်ကားထဲတိုးဝှေ့ ဝင်နေတုန်းပါဘဲ။ လူတိုင်းက သူတို့ရောင်းတဲ့ပစ္စည်းတွေရဲ့အမည်ကို အော်ဟစ်နေကြပါတယ်။ စကားလုံးတွေကတော့ ကျွန်တော့အတွက် ရီစရာဖြစ်နေပါတယ်။

Upakiaji mizigo ulikamilika na abiria wakawa wameketi. Wachuuzi walizidi kusukumana kutaka kuingia ndani ya basi ili wauze bidhaa zao. Kila mmoja alitaja kwa sauti majina ya bidhaa alizokuwa anauza. Maneno yao yalinifurahisha.


အချို့သောခရီးသည်တွေက သောက်စရာတွေကို ဝယ်ပြီး အချို့က မုန့်တွေကိုဝယ်ပြီး ဝါးနေပါတယ်။ ကျွန်တော်လိုပိုက်ဆံမရှိတဲ့သူတွေကတော့ ကြည့်ဘဲကြည့်နေပါတယ်။

Baadhi ya abiria walinunua vinywaji. Wengine wakanunua vitafunwa vidogo na kuanza kutafuna. Wasiokuwa na fedha, kama mimi, walitazama tu.


ဒီလိုလုပ်နေတာတွေကို ကားစထွက်ဖို့အဆင်သင့်ရှိပြီးဆိုတာ သတိပေးတဲ့ ကားဟွန်းတီးတာက ဖျက်လိုက်ပါတယ်။ လက်မှတ်ရောင်းတဲ့သူက ခေါင်းရွက်ဈေးသည်တွေကို မောင်းထုတ်လိုက်ပါတယ်။

Shughuli hizi zilikatizwa kwa mlio wa honi ya basi, ishara kwamba tulikuwa tayari kuondoka. Kondakta aliwataka wachuuzi kuondoka ndani ya basi.


ခေါင်းရွက်ဈေးသည်တွေဟာ တစ်ဦးကိုတစ်ဦးတွန်းထုတ်ပြီး ကားအပြင်ဘက်ကို ထွက်လာပါတယ်။ တစ်ချို့က ခရီးသွားတွေကို အကြွေပြန်အမ်းပါတယ်။ တစ်ချို့ကလည်း နောက်ဆုံးမိနစ်ထိ သူတို့ပစ္စည်းရောင်းထွက်ဖို့အတွက် ကြိုးစားကြပါတယ်။

Wachuuzi walisukumana huku wakitafuta njia ya kushuka. Wengine waliwarudishia wasafiri chenji zao. Wengine walifanya juhudi za mwisho kuuza bidhaa zao.


ဘတ်စ်ကားဟာ ဘတ်စ်ကားဂိတ်ကနေ ထွက်ခွာလာတဲ့အခါ ကျွန်တော်ဟာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ပါတယ်။ ကျွန်တော်ဘယ်တော့မှာ ရွာကိုပြန်ရောက်မလဲဆိုတာကို တွေးမိပါတယ်။

Basi lilipoondoka kituoni, nilichungulia dirishani. Nilijiuliza endapo ningerudi na kwenda kijijini kwangu tena.


ခရီးဆက်သွားရင်း ကားအတွင်းပိုင်းက အရမ်းပူလာပါတယ်။ ကျွန်တော်ဟာ အိပ်ပျော်ဖို့အတွက် မျက်စိမှိတ်ထားလိုက်ပါတယ်။

Safari ilipoendelea, joto lilikuwa jingi ndani ya basi. Niliyafumba macho yangu nikinuia kulala.


ဒါပေမယ့် ကျွန်တော့်စိတ်က အိမ်ကိုဘဲ ပြန်သယ်ဆောင်သွားပါတယ်။ အမေလုံခြုံပါ့မလာ။ ယုန်ကလေးတွေကော ပိုက်ဆံရပါ့မလား။ ညီလေးကကော ကျွန်တော့်ရဲ့ အပင်ပေါက်လေးတွေကို ရေလောင်းဖို့အတွက် သတိရပါ့မလား။

Lakini mawazo yangu yalirejea nyumbani. Je, mamangu atakuwa salama? Je, sungura wangu wataleta hela zozote? Je, ndugu yangu atakumbuka kunyunyizia maji miche ya miti yangu?


လမ်းမှာ ကျွန်တော်က မြို့မှာနေတဲ့ ကျွန်တော့်ဦးလေးရဲ့ နေရာနာမည်ကိုလည်း အလွတ်ကျက်ထားပါတယ်။ အိပ်နေဆဲဘဲ ကျွန်တော်ဟာ မကြားတကြားနဲ့ ရေရွတ်နေပါတယ်။

Njiani, nilikariri jina la mahali mjomba wangu alipoishi kwenye mji mkubwa. Nilikuwa bado nafikiria wakati nilipopatwa na usingizi.


ကိုးနာရီကျော်ကြာတဲ့အခါမှာ ဆူညံသံတွေ၊ ရွာကိုပြန်ဖို့ခရီးသည်အော်ခေါ်သံတွေနဲ့ ကျွန်တော်နိုးပါတယ်။ ကျွန်တော့်ရဲ့ အိတ်သေးသေးလေးကိုယူပြီး ကားပေါ်ကနေ ဆင်းချလာပါတယ်။

Baada ya saa tisa, niliamshwa kwa kelele za kuita abiria waliokwenda katika kijiji changu. Nilichukuwa mfuko wangu mdogo na kuruka nje ya basi.


အပြန်မှာလည်း ဘတ်စ်ကားက အမြန်ပြည့်သွားပါတယ်။ သိပ်မကြာခင် အရှေ့ဘက်ကို ပြန်သွားပါတော့မယ်။ ယခု ကျွန်တော့်အတွက်အရေးကြီးဆုံးက ကျွန်တော့ဦးလေးရဲ့အိမ်ကို စရှာဖို့ဘဲဖြစ်ပါတယ်။

Basi la kurudi lilikuwa linajaa upesi. Muda mfupi baadaye, lingeanza safari ya kwenda mashariki. Jambo la maana kwangu wakati huo lilikuwa kuanza kutafuta nyumba ya mjomba wangu.


Written by: Lesley Koyi, Ursula Nafula
Illustrated by: Brian Wambi
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 3
Source: The day I left home for the city from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 4.0 International License.
Options
Back to stories list Download PDF