Download PDF
Back to stories list

ဆာကီမာရဲ့သီချင်း Wimbo wa Sakima

Written by Ursula Nafula

Illustrated by Peris Wachuka

Translated by Naw Thazin Hpway

Language Burmese

Level Level 3

Narrate full story The audio for this story is currently not available.


ဆာကီမာဟာ သူ့ရဲ့ညီမလေးနဲ့အတူ မိဘတွေနဲ့ နေထိုင်ပါတယ်။ သူတို့ဟာ အရမ်းချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ရဲ့မြေမှာ နေထိုင်ပါတယ်။ သစ်ပင်တန်းတွေရဲ့အဆုံးမှာ မြက်နဲ့လုပ်ထားတဲ့ သူတို့ရဲ့တဲကလေးရှိပါတယ်။

Sakima aliishi na wazazi wake na dada yake wa miaka minne. Waliishi katika shamba la mtu tajiri. Nyumba yao ya nyasi ilikuwa mwisho wa safu ya miti iliyopendeza.


ဆာကီမာသုံးနှစ်အရွယ်မှာ သူဟာ အပြင်းဖျားပြီး အမြင်အာရုံဆုံးရှုံးသွားပါတယ်။ ဆာကီမာဟာ ထူးချွန်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

Sakima alipokuwa na umri wa miaka mitatu, aliugua na kupoteza uwezo wa kuona. Hata hivyo, Sakima alikuwa mvulana mwenye kipaji.


ဆာကီမှာဟာ အခြားသော ၆နှစ်အရွယ် ကောင်လေးတွေမလုပ်နိုင်တဲ့အရာတွေတော်တော်များများကို လုပ်ပါတယ်။ ဥပမာ - ရွာမှာရှိတဲ့လူကြီးတွေနဲ့ ထိုင်ပြီး အရေးကြီးတဲ့အကြောင်းအရာတွေကို ဆွေးနွေးပါတယ်။

Sakima alitenda mambo mengi ambayo wavulana wengine wa umri wake hawakufanya. Kwa mfano, aliketi na watu wazima na kujadili mambo muhimu.


ဆာကီမာရဲ့မိဘတွေဟာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ရဲ့အိမ်မှာအလုပ်လုပ်ပါတယ်။ သူတို့ဟာ မနက်စောစောအိမ်ကထွက်သွားပြီး ညနေနောက်ကျမှ အိမ်ကိုပြန်ရောက်ပါတယ်။ ဆာကီမာဟာ သူ့ရဲ့ညီမလေးနဲ့ဘဲ ကျန်နေခဲ့ပါတယ်။

Wazazi wa Sakima walifanya kazi katika nyumba ya yule tajiri. Walitoka nyumbani asubuhi na mapema na kurudi jioni. Sakima aliachwa na dada yake.


ဆာကီမာဟာ သီချင်းဆိုရတာ ကြိုက်ပါတယ်။ တစ်နေ့တော့ သူ့အမေက “ဆာကီမာ, သားဒီသီချင်းတွေက ဘယ်ကနေ သင်ယူရရှိခဲ့သလဲ” လို့မေးပါတယ်။

Sakima alipenda kuimba nyimbo. Siku moja mama yake alimuuliza, “Sakima, unajifunza nyimbo hizi kutoka wapi?”


ဆာကီမာက “အမေရေ ဒီအတိုင်းထွက်လာတာဘဲ၊ ကျွန်တော့်ရဲ့ခေါင်းထဲကနေသီချင်းသံတွေ ကြားပြီး ကျွန်တော် ဆိုလိုက်တာဘဲ” လို့ ပြန်ဖြေလိုက်တယ်။

Sakima alimjibu, “Nazisikia akilini mwangu kisha naziimba.”


ဆာကီမာဟာ သူ့ညီမလေးဗိုက်ဆာနေတဲ့အချိန်တိုင်းလည်း သီချင်းဆိုပေးပါတယ်။ သူ့ညီမလေးဟာ သူအကြိုက်ဆုံးသီချင်းကို နားထောင်ပါတယ်။ သူ့ရဲ့ စိတ်သက်သာရာရာစေတဲ့တေးသွားနဲ့ သူဟာလွင့်မျှောသွားပါတယ်။

Sakima alipenda kumwimbia mdogo wake hasa akihisi njaa. Dada yake alimsikiliza na kucheza.


ဆာကီမာရဲ့ညီမလေးက “ဆာကီမာရေ, နောက်တစ်ခေါက်ပြီးတစ်ခေါက် ဆိုပြပါလား” လို့တောင်းဆိုပါတယ်။ ဆာကီမာက လက်ခံပြီး ထပ်ခါထပ်ခါ ဆိုပြပါတယ်။

“Naomba uimbe tena na tena, Sakima,” mdogo wake alimsihi. Sakima alikubali na kuimba mara nyingine.


တစ်ညနေတော့ သူ့ရဲ့မိဘတွေဟာ အိမ်ပြန်လာပြီး တိတ်ဆိတ်နေကြပါတယ်။ ဆာကီမာက တစ်ခုခုမှားယွင်းနေပြီဆိုတာ ဆာကီမာသိလိုက်ပါတယ်။

Jioni moja, wazazi wake waliporudi nyumbani, walikuwa kimya sana. Sakima alijua kwamba lazima kulikuwa na jambo baya.


ဆာကီမာက “အမေ၊ အဖေ ဘာတွေမှားယွင်းနေတာလဲ” လို့မေးလိုက်ပါတယ်။ ဆာကီမာက သူဌေးကြီးရဲ့သား ပျောက်သွားကြောင်း သိလိုက်ရပါတယ်။ သူဌေးကြီးဟာ အရမ်းဝမ်းနည်းပြီး အထီးကျန်နေပါတယ်။

“Kuna shida gani, mama, baba?” Sakima aliuliza. Sakima aligundua kwamba mwana wa tajiri wao alikuwa amepotea. Tajiri alihuzunika na kuwa na upweke mkubwa.


ဆာကီမာက သူ့မိဘတွေကို “ကျွန်တော် သူ့အတွက် သီချင်းဆိုပေးနိုင်ပါတယ်” လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့မိဘတွေက ပယ်ချခဲ့ပါတယ်။ “သူဟာ အရမ်းကိုချမ်းသာတယ်။ သားကမျက်မမြင်တစ်ယောက်ဘဲ။ သားရဲ့သီချင်းတွေက သူ့ကိုကူညီနိုင်မယ်လို့ ထင်သလား။”

“Labda atafurahi tena nikimwimbia,” Sakima aliwaambia wazazi wake. Wazazi wake walidharau wazo lake. “Yeye ni tajiri sana. Wewe ni mvulana asiyeona. Unadhani wimbo wako utamsaidia?”


ဒါပေမယ့် ဆာကီမာက အရှုံးမပေးခဲ့ပါဘူး။ သူ့ရဲ့ညီမကလေးက သူ့ကိုထောက်ခံခဲ့ပါတယ်။ သူ့ညီမလေးက “ဆာကီမာရဲ့သီချင်းတွေဟာ သမီးဗိုက်ဆာတဲ့အချိန်မှာ သက်သာမှုကိုပေးစေတယ်။ သူတို့ဟာ သူဌေးကြီးကိုလည်း သက်သာရာရစေနိုင်မှာပါ။” လို့ပြောပါတယ်။

Hata hivyo, Sakima hakukata tamaa. Mdogo wake alimpa moyo. Alisema, “Nyimbo za Sakima hunituliza mimi nikiwa na njaa. Zitamtuliza tajiri vile vile.”


နောက်တစ်နေ့မှာတော့ ဆာကီမာဟာ သူ့ညီမလေးကို သူဌေးကြီးအိမ်ဆီ လိုက်ပို့ခိုင်းပါတယ်။

Siku iliyofuata, Sakima alimwomba mdogo wake amwongoze hadi kwenye nyumba ya tajiri.


သူဟာ ပြတင်းပေါက်ကြီးတစ်ခုနားမှာရပ်ပြီး သူအကြိုက်ဆုံးသီချင်းကို သီဆိုနေပါတယ်။ တဖြည်းဖြည်းနဲ့ သူဌေးကြီးဟာ ပြတင်းပေါက်ကြီးကနေ ခေါင်းပြူထွက်လာပါတယ်။

Alisimama chini ya dirisha moja kubwa na kuanza kuimba wimbo wake alioupenda. Pole pole, kichwa cha tajiri kilionekana dirishani.


အလုပ်သမားတွေကလည်း သူတို့လုပ်နေတာတွေကို ရပ်လိုက်ပါတယ်။ သူတို့ဟာ ဆာကီမာရဲ့ လှပတဲ့သီချင်းကို နားဆင်နေကြပါတယ်။ ဒါပေမယ့် အမျိုးသားတစ်ယောက်က “ငါတို့သူဌေးကို ဘယ်သူကမှ နှစ်သိမ့်မပေးဖူးဘူး။ ဒီမျက်မမြင်ကောင်လေးဟာ သူ့ကိုနှစ်သိမ့်ပေးနိုင်မယ်လို့ ထင်နေသလား” လို့မေးတယ်။

Wafanyakazi waliacha kazi zao. Wakasikiliza wimbo mzuri wa Sakima. Hata hivyo, mwanamume mmoja alisema, “Hakuna aliyefaulu kumtuliza bwana. Je, huyu mvulana asiyeona anafikiri atamtuliza?”


ဆာကီမာဟာ သီချင်းဆိုပြီးတဲ့အခါ ပြန်ဖို့လှည့်ထွက်လာပါတယ်။ ဒါပေမယ့် သူဌေးကြီးဟာ အပြင်ကို အမြန်ထွက်လာပြီး “ကျေးဇူးပြုပြီး နောက်တစ်ခေါက်ဆိုပြပါလား” လို့ပြောလိုက်ပါတယ်။

Sakima alipomaliza kuimba wimbo wake alianza kuondoka. Tajiri alitoka nje kwa haraka na kusema, “Tafadhali, imba tena.”


အဲ့ဒီအချိန်မှာဘဲ လူနှစ်ယောက်ဟာ ထမ်းစင်နဲ့ တစ်စုံတစ်ယောက်ကို သယ်လာပါတယ်။ သူတို့ဟာ သူဌေးကြီးရဲ့ သား အရိုက်ခံရပြီး လမ်းဘေးမှာပစ်ထားခံရတာကို တွေ့လို့ဖြစ်ပါတယ်။

Wakati huo huo, watu wawili walikuja wakiwa wamembeba mtu kwenye machela. Walimkuta mwana wa tajiri akiwa amechapwa na kuachwa kando ya barabara.


သူဌေးကြီးဟာ သူ့ရဲ့သားကို တစ်ခါပြန်တွေ့လို့ အလွန်ဝမ်းသာနေပါပြီ။ သူ့ကို နှစ်သိမ့်ပေးတဲ့ ဆာကီမာကို ဆုချလိုက်ပါတယ်။ သူဟာ သူ့သားနဲ့ ဆာကီမာကို ဆေးရုံခေါ်သွားပြီး ဆာကီမာကိုတော့အမြင်အာရုံပြန်ရဖို့အတွက် ခေါ်သွားတာဖြစ်ပါတယ်။

Tajiri alifurahi sana kumwona mwana wake tena. Alimzawadia Sakima kwa kumliwaza. Aliwapeleka mwanawe na Sakima hosipitali ili Sakima aweze kusaidiwa kuona tena.


Written by: Ursula Nafula
Illustrated by: Peris Wachuka
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 3
Source: Sakima's song from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 4.0 International License.
Options
Back to stories list Download PDF