Download PDF
Back to stories list

မက်ဂဝေး Magozwe

Written by Lesley Koyi

Illustrated by Wiehan de Jager

Translated by Naw Thazin Hpway

Language Burmese

Level Level 5

Narrate full story The audio for this story is currently not available.


အိမ်ရဲ့ ဂရုစိုက်မှုအဝေး နိုင်ရိုဘီဆိုတဲ့ မြို့ကြီးအတွင်းမှာ အိမ်ခြေရာမဲ့ကောင်လေးတစ်အုပ် နေထိုင်ကြပါတယ်။ သူတို့ဟာ နေ့ရက်တိုင်းကို ကြိုဆိုပြီးနေထိုင်ရပါတယ်။ တစ်မနက်မှာ အေးလွန်းတဲ့ ပလပ်ဖောင်းပေါ်မှာအိပ်ပြီးတဲ့နောက်သူတို့ဖျာကိုသိမ်းကြပါတယ်။ အအေးဒဏ်ကို ခံနိုင်ဖို့ အမှိုက်တွေကိုမီးရှို့ပါတယ်။ အဲ့ဒီကောင်လေးအဖွဲ့မှာအငယ်ဆုံးကတော့ မက်ဂဝေးဖြစ်ပါတယ်။

Kwenye jiji la Nairobi lenye pilikapilika nyingi, mbali na malezi ya nyumbani, paliishi kikundi cha wavulana wasiokuwa na makwao. Waliipokea kila siku ijayo kama ilivyo. Siku moja asubuhi, walikuwa wanakusanya virago vyao baada ya kulala kwenye baridi kando ya barabara. Ili kuondoa baridi, walikoka moto kwa kutumia takataka. Miongoni mwa kikundi hicho cha wavulana alikuwepo Magozwe. Alikuwa ni mdogo kuliko wote.


မက်ဂဝေးရဲ့မိဘတွေဆုံးသွားတော့ သူဟာ အသက် ၅နှစ်ဘဲ ရှိသေးပါတယ်။ သူဟာသူ့ဦးလေးနဲ့သွားနေပါတယ်။ အဲ့ဒီလူကြီးဟာကလေးကိုဂရုမစိုက်ပါဘူး။ မက်ဂဝေးကိုလည်း အစားအစာတွေလုံလောက်အောင်မပေးပါဘူး။ ကောင်လေးကိုလည်း အလုပ်တွေ အများကြီးလုပ်ခိုင်းပါတယ်။

Wakati wazazi wa Magozwe walipofariki, alikuwa na miaka mitano tu. Alienda kuishi na mjomba wake. Mjomba hakumjali Magozwe. Hakumpa chakula cha kutosha. Alimfanyisha kazi nyingi nzito.


အကယ်၍ မက်ဂဝေးက ပြန်ရှင်းပြတာတို့ ပြန်ငြင်းခုံတာတို့ဆို သူ့ရဲ့ဦးလေးက ရိုက်ပါတယ်။ မက်ဂဝေးက ကျောင်းတက်ချင်ကြောင်းပြောတဲ့အခါ သူ့ဦးလေးက ရိုက်နှက်ပြီး “နင်ဟာ စာသင်ဖို့ ညံ့ဖျင်းလွန်တယ်။” လို့ပြောပါတယ်။ သုံးနှစ်လောက် ထို့ကဲ့သို့ဆက်ဆံခံရပြီးနောက် မက်ဂဝေးဟာ သူ့ရဲ့ ဦးလေးဆီကနေ ထွက်ပြေးသွားပါတယ်။ သူဟာ လမ်းပေါ်မှာစနေပါတယ်။

Magozwe alipolalamika au kuuliza, mjomba wake alimpiga. Magozwe alipouliza kama ataweza kwenda shule, mjomba wake alimpiga na kumwambia, “Wewe ni mjinga, hutaweza kujifunza chochote.” Baada ya miaka mitatu ya kunyanyaswa, Magozwe alitoroka kwa mjomba wake. Akaanza kuishi mtaani.


လမ်းမပေါ်ကဘဝဟာ ခက်ခဲပြီး ကောင်လေးအများစုဟာ အစားအစာစားရဖို့နေ့စဉ်ရုန်းကန်ရပါတယ်။ တစ်ခါတစ်ရံသူတို့ဟာ ရိုက်နက်ခံရပြီး တစ်ခါတစ်ရံသူတို့ဟာ အဖမ်းခံရပါတယ်။ သူတို့ဖျားနာနေတဲ့အချိန်အခါတိုင်း ကူညီမယ့်သူ မရှိခဲ့ပါဘူး။ အဲ့ဒီအဖွဲ့ဟာ တောင်းရမ်းပြီးတော့ရလာတဲ့ငွေ၊ ပြန်လည်အသုံးချလို့ရမယ့်ပစ္စည်းနဲ့ပလတ်စတစ်တွေရောင်းရငွေတွေအပေါ်မှာဘဲမှီခိုနေပါတယ်။ မြို့ကိုထိန်းချုပ်ချင်နေတဲ့ အခြားပြိုင်ဘက်အဖွဲ့နဲ့ ရန်ဖြစ်မှုတွေကလည်း သူတို့ရဲ့ဘဝကို ပိုပြီးခက်ခဲလာစေပါတယ်။

Maisha ya mtaani yalikuwa magumu na wavulana wengi walipambana kila siku ili wapate chakula tu. Mara nyingine walikamatwa, mara nyingine walipigwa. Walipougua, kulikuwa hakuna mtu wa kuwasaidia. Kikundi kilitegemea hela ndogo ndogo walizopata kwa kuomba omba, na kwa kuuza plastiki na vitu kuukuu. Maisha yalikuwa magumu zaidi hasa kwa sababu ya vita dhidi ya vikundi pinzani vilivyotaka kudhibiti baadhi ya maeneo ya jiji.


တစ်နေ့မှာ မက်ဂဝေးဟာ အမှိုက်ပုံထဲမှာ ရှာဖွေနေတဲအခါမှာ ဟောင်းပြီးနွမ်းနေတဲ့ ပုံပြင်စာအုပ်တစ်အုပ်ကို တွေ့ရှိလိုက်ပါတယ်။ နေတိုင်း သူဟာ ဟာအုပ်ကိုထုတ်ပြီး ပုံတွေကို ကြည့်ပါတယ်။ စာတွေကိုတော့ သူဘယ်လိုဖတ်ရမလဲမသိပါဘူး။

Siku moja Magozwe alipokuwa anachakura kwenye mapipa ya takataka, alikuta kitabu cha hadithi kilichokuwa kimechakaa. Aliondoa uchafu kwenye kitabu na kukiweka ndani ya mfuko wake. Kila siku baada ya hapo, alikitoa kitabu na kuangalia picha. Hakujua kusoma maandishi.


ပုံပြင်ထဲမှာ လေယာဉ်မောင်းသမားဖြစ်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပြောထားပါတယ်။ မက်ဂဝေးဟာ လေယာဉ်မောင်းသမားတစ်ဦးဖြစ်ချင်ပါတယ်။ တစ်ခါတစ်ရံ သူဟာ ပုံပြင်ထဲက ကောင်လေးအဖြစ် စိတ်ကူးယဉ်ပါတယ်။

Picha zilikuwa zinaongelea hadithi ya mvulana ambaye alikuja kuwa rubani. Magozwe aliota kuwa rubani. Mara nyingine alifikiria kwamba yeye ni yule mvulana kwenye hadithi.


အရမ်းအေးတဲ့တစ်ရက်မှာ မက်ဂဝေးဟာ လမ်းပေါ်မှာထပြီးတောင်းစားနေပါတယ်။ လူကြီးတစ်ယောက်ဟာ သူ့ဆီကိုလျှောက်လာပြီး “ဟယ်လို၊ ဦးက သောမတ်စ်ပါ။ ဦးကဒီနားမှာအလုပ်လုပ်ပါတယ်။ အဲ့ဒီနေရာမှာ သားတစ်ခုခုစားလို့ရပါတယ်။” လို့ပြောလိုက်ပါတယ်။ သူဟာ ခေါင်မိုးအပြာရောင်နဲ့ အိမ်ကိုညွှန်ပြလိုက်ပါတယ်။ သူက “အဲ့ဒီကိုသွားပြီး အစားသောက်တွေစားကြမလား” လို့မေးလိုက်ပါတယ်။ မက်ဂဝေးက ထိုလူကြီးကိုကြည့်ပြီး အိမ်ကိုလည်းထပ်ကြည်ကာ “စားရင်စားပါမယ်”လို့ပြောပြီး ထွက်သွားပါတယ်။

Kulikuwa na baridi na Magozwe alikuwa amesimama barabarani akiomba omba. Mtu alimkaribia. “Hujambo? Naitwa Thomas. Nafanya kazi karibu na hapa, mahali unapoweza kupata kitu cha kula,” mtu yule alisema. Alionyesha nyumba ya njano yenye paa la buluu. “Natumaini utaenda pale kupata chakula kidogo?” Thomas aliuliza. Magozwe alimwangalia yule mtu, kisha akaiangalia ile nyumba. “Labda,” akasema, halafu akaondoka.


တစ်လအကြာမှာ အိမ်ခြေရာမဲ့ကောင်လေးတွေဟာ သော်မတ်စ်ကို ခနခနမြင်တွေ့ဖန်များလာပါတယ်။ သူဟာ လမ်းပေါ်မှာရှိတဲ့ လူတွေနဲ့ စကားပြောရတာကြိုက်ပါတယ်။ သူဟာ စိတ်ရင်းမှန်ပြီး စိတ်ရှည်တဲ့သူတစ်ဦးဖြစ်သလို ရိုင်းပြပြီး စော်ကားတာမျိုး ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ နေ့လည်ခင်းတွေမှာ ကောင်လေးအချို့ဟာ ခေါင်မိုးအပြာနဲ့အိမ်ကို သွားပြီး အစားအစာတွေ စတင်သုံးဆောင်ကြပါတယ်။

Miezi iliyofuata, wavulana wale wa mtaani walizoea kumwona Thomas hapa na pale. Alipenda kuzungumza na watu, hasa walioishi mitaani. Thomas alisikiliza simulizi za maisha ya watu. Alikuwa makini na mwenye subira, na hakuwa na kiburi wala dharau. Baadhi ya wavulana walianza kwenda kwenye ile nyumba ya njano na buluu ili kupata chakula cha mchana.


မက်ဂဝေးဟာ ပလပ်ဖောင်းပေါ်မှာထိုင်ပြီး ပုံတွေကြည့်နေတဲ့အချိန်မှာ သောမတ်စ်ဟာ သူ့နားမှာထိုင်ပြီး “ပုံပြင်လေးက ဘာအကြောင်းလဲ” လို့ သောမတ်စ်က မေးလိုက်ပါတယ်။ မက်ဂဝေးက “လေယာဉ်မောင်းသမားဖြစ်လာတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ လို့ မက်ဂဝေးက ပြန်ဖြေလိုက်ပါတယ်။ သောမတ်စ်က “ကောင်လေးရဲ့နာမည်က ဘယ်လိုခေါ်လဲ” လို့မေးလိုက်ပါတယ်။ မက်ဂဝေးက “ကျွန်တော်မသိဘူး၊ ကျွန်တော်စာမတတ်ဘူး” လို့တိုးတိုးလေးပြောလိုက်ပါတယ်။

Magozwe alikuwa amekaa kando ya barabara akiangalia kitabu chake cha picha Thomas alipokaa pembeni mwake. “Hadithi hiyo inahusu nini?” Thomas akauliza. “Inahusu mvulana aliyekuja kuwa rubani,” Magozwe akajibu. “Jina lake ni nani?” Thomas akauliza. “Sijui, siwezi kusoma,” Magozwe akasema kwa sauti ya chini.


သူတို့ဟာတွေ့တိုင်း မက်ဂဝေးဟာ သော်မတ်စ်ကို သူ့ရဲ့ကိုယ်ပိုင်ပုံပြင်တွေပြောပြပါတယ်။ သူဘာကြောင့် သူ့ရဲ့ ဦးလေးဆီကထွက်ပြေးရတဲ့ ပုံပြင်ဖြစ်ပါတယ်။ သောမတ်စ်ဟာ စကားအများကြီးမပြောပါဘူး၊ ပြီးတော့ မက်ဂဝေးကိုလည်း ဘာလုပ်ရမလဲဆိုတာလည်းမပြောပါဘူး။ ဒါပေမယ့် သူဟာ သေချာနားထောင်ပါတယ်။ တစ်ခါတစ်ရံ ခေါင်မိုးအပြာလေးနဲ့အိမ်မှာစားသောက်ပြီး စကားပြောကြပါတယ်။

Walipokutana, Magozwe alianza kumsimulia Thomas maisha yake. Alimwelezea kuhusu mjomba wake na sababu zilizomfanya atoroke. Thomas hakuongea sana, wala hakumwambia Magozwe nini cha kufanya, bali alisikiliza kwa makini kila mara. Wakati mwingine waliongea wakiwa wanakula kwenye ile nyumba yenye paa la buluu.


မက်ဂဝေးရဲ့ ၁၀နှစ်ပြည်မွေးနေ့မှာတော့ သောမတ်စ်ဟာ သူ့ကိုပုံပြင်စာအုပ်အသစ်တစ်အုပ်ပေးပါတယ်။ ပုံပြင်လေးက ရွာလေးတစ်ရွာမှာရှိတဲ့ ကောင်လေးတစ်ယောက် အောင်မြင်တဲ့ဘောလုံးအားကစားသမားဖြစ်လာတဲ့ အကြောင်းဘဲဖြစ်ပါတယ်။ သောမတ်စ်က အဲ့ဒီပုံပြင်လေးကို မက်ဂဝေးအတွက် အကြိမ်ကြိမ်ဖတ်ပြပြီး တစ်နေ့တော့ သူက “သားကျောင်းကိုသွားပြီး စာဖတ်သင်သင့်တဲ့အချိန်ဘဲ။ ဘယ်လိုမြင်သလဲ” လို့ပြောတယ်။ သောမတ်စ်က ကလေးတွေ နေပြီး ကျောင်းတက်လို့ရတဲ့နေရာကိုသိတယ်လို့လည်း ရှင်းပြပါတယ်။

Mnamo mwaka wa kumi wa kuzaliwa kwa Magozwe, Thomas alimzawadia kitabu kipya cha hadithi. Ilikuwa ni hadithi inayohusu mvulana wa kijijini aliyekuja kuwa mcheza mpira maarufu. Thomas alimsomea Magozwe hadithi hiyo mara nyingi, mpaka siku moja akasema, “Nafikiri wakati umewadia wa kwenda shule kujifunza kusoma. Unaonaje?” Thomas alieleza kwamba anajua sehemu ambayo watoto wanaweza kuishi na kwenda shule.


မက်ဂဝေးဟာ နေရာအသစ်တစ်ခုအကြောင်းနဲ့ ကျောင်းသွားရမယ့်အကြောင်းကိုတွေးတယ်။ သူ့ရဲ့ဦးလေးပြောသလိုဘဲ ဘာကိုမှသင်ယူတတ်မြောက်ဖို့ ညံ့ဖျင်းနေရင် ဘယ်လိုလုပ်မလဲ။ နေရာအသစ်မှာသူ့ကို ရိုက်နှက်ကြရင်ဘယ်လိုလုပ်မလဲ။ သူကြောက်ရွံ့နေမိခဲ့ပါတယ်။ သူက “လမ်းပေါ်မှနေတာထက်စာရင်တော့ ပိုကောင်းမှာပါ” လို့တွေးမိလိုက်တယ်။

Magozwe alifikiria kuhusu sehemu hii mpya, na kuhusu kwenda shule. Itakuwaje kama mjomba wake alikuwa sahihi kwamba alikuwa mjinga kiasi cha kutoweza kujifunza chochote? Itakuwaje kama watampiga sehemu hii mpya? Aliogopa. “Labda ni heri kuendelea kuishi mtaani,” aliwaza.


သူ့ရဲ့ကြောက်ရွံ့စိတ်တွေကို သောမတ်စ်ကို ရင်ဖွင့်ပါတယ်။ အကြိမ်တိုင်းမှာဘဲ လူကြီးက နေရာသစ်မှာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြောင်း ကောင်လေးကိုပြောပါတယ်။

Alimshirikisha Thomas juu ya hofu aliyokuwa nayo. Baada ya muda Thomas alimhakikishia kwamba maisha yatakuwa bora huko sehemu mpya.


အဲ့ဒီနောက်တော့ မက်ဂဝေးဟာ ခေါင်မိုးအစိမ်းနဲ့ အိမ်ရဲ့အခန်းထဲကိုပြောင်းလာပါတယ်။ သူဟာ အခန်းကိုအခြားကောင်လေး၂ယောက်နဲ့ ပေါင်းနေပါတယ်။ အဲ့ဒီအိမ်မှာ ကလေး ၁၀ယောက်ရှိပါတယ်။ အန်တီကေစီအပါအဝင်သူ့ရဲ့ ယောက်ျား၊ ခွေးသုံးကောင်၊ ကြောင်တစ်ကောင်နဲ့၊ ဆိတ်အိုကြီးတစ်ကောင်ရှိပါတယ်။

Kwa hiyo Magozwe alihamia kwenye chumba katika nyumba yenye paa la kijani. Alikaa chumba kimoja na wavulana wengine wawili. Kwa ujumla kulikuwa na watoto kumi walioishi kwenye nyumba ile. Waliishi pamoja na Shangazi Cissy na mume wake, mbwa watatu, paka mmoja, na mbuzi aliyezeeka.


မက်ဂဝေးဟာ ကျောင်းစတက်ပြီး အရမ်းကို ခက်ခဲခဲ့ပါတယ်။ လိုက်မှရမယ့်စားတွေလည်း အများကြီးရှိပါတယ်။ တစ်ခါတစ်ရံ သူဟာ အရှုံးပေးချင်ပါတယ်။ ဒါပေမယ့် သူဟာ ပုံပြင်ထဲကလေယာဉ်မောင်းသမားနဲ့ ဘောလုံးအားကစားသမားအကြောင်းတွေပြီး နေခဲ့ပါတယ်။ သူတို့လိုဘဲ သူဟာ အရှုံးမပေးခဲ့ပါဘူး။

Magozwe alianza shule na ilikuwa ngumu. Alikuwa na mengi ya kujifunza. Mara nyingine alitaka kukata tamaa. Lakini aliwaza kuhusu rubani na mcheza mpira kwenye vitabu vya hadithi. Kama wao, hakukata tamaa.


မက်ဂဝေးဟာ ကျောင်းက ပုံပြင်စာအုပ်တစ်အုပ်ကိုယူပြီး ခေါင်မိုးအစိမ်းလေးနဲ့ အိမ်ရှိတဲ့ ခြံထဲမှာ ထိုင်ဖတ်နေပါတယ်။ သောမတ်စ်ဟာ လာပြီး သူ့အနားမှာထိုင်လိုက်ပါတယ်။ သောမတ်စ်က “ပုံပြင်စာအုပ်လေးက ဘာအကြောင်းလဲ” လို့ မေးလိုက်ပါတယ်။ မက်ဂဝေးက “ကောင်လေးတစ်ယောက် ကျောင်းဆရာတစ်ဦးဖြစ်လာတဲ့အကြောင်းပါ” လိုဖြေလိုက်ပါတယ်။ သောမတ်စ်က “ကောင်လေးရဲ့နာမည်က ဘာတဲ့လဲ” လို့မေးလိုက်တယ်။ မက်ဂဝေးက အပြုံးလေးနဲ့ “သူ့ရဲ့နာမည်က မက်ဂဝေးပါ” လို့ ဖြေလိုက်ပါတယ်။

Magozwe alikuwa amekaa uani kwenye nyumba yenye paa la kijani, akisoma kitabu cha hadithi cha shule. Thomas alikuja na kukaa kando yake. “Hadithi inahusu nini?” Thomas akauliza. “Inahusu mvulana aliyekuja kuwa mwalimu,” Magozwe akajibu. “Jina lake ni nani?” akauliza Thomas. “Jina lake ni Magozwe,” Magozwe akasema kwa tabasamu.


Written by: Lesley Koyi
Illustrated by: Wiehan de Jager
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 5
Source: Magozwe from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 4.0 International License.
Options
Back to stories list Download PDF