Download PDF
Back to stories list

ဆင်းဘက်ဝဲ Simbegwire

Written by Rukia Nantale

Illustrated by Benjamin Mitchley

Translated by Naw Thazin Hpway

Language Burmese

Level Level 5

Narrate full story The audio for this story is currently not available.


ဆင်းဘက်ဝဲရဲ့အမေဆုံးသွာတော့ သူတော်တော်ဝမ်းနည်းပါတယ်။ ဆင်းဘက်ဝဲရဲ့အဖေဟာ သူ့သမီးကို အကောင်းဆုံးစောင့်ရှောက်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆင်းလက်ဝဲအမေမရှိလည်း သူတို့ဘာသာပျော်အောင် ခံစားတတ်လာပါတယ်။ မနက်တိုင်းမှာ သူတို့ဟာ တူတူထိုင်ပြီး အရင်နေ့ကအကြောင်းကို ပြောကြပါတယ်။ ညနေခင်းမှာ သူတို့ဟာ ညနေစာ တူတူပြင်ဆင်ပါတယ်။ သူတို့ဟာ ပန်းကန်ဆေးပြီးတဲ့အခါ ဆင်းဘက်ဝဲရဲ့အဖေဟာ သူ့ရဲ့အိမ်စာကို ကူလုပ်ပါတယ်။

Simbegwire alihuzunika mama yake alipofariki. Baba yake alijitahidi kumtunza mwanaye. Taratibu wakaanza kuwa wenye furaha tena, bila ya Mama Simbegwire. Kila asubuhi walikaa na kupanga mipango ya siku inayofuata. Kila jioni waliandaa chakula cha jioni pamoja. Baada ya kuosha vyombo, baba yake Simbegwire alimsaidia kufanya kazi zake za shule.


တစ်နေ့မှာ ဆင်းဘက်ဝဲရဲ့အဖေဟာ ပုံမှာထက်အိမ်ကိုနောက်ကျမှရောက်လာပါတယ်။ “သမီးလေးရေ ဘယ်မှာလဲလို့” ခေါ်လိုက်ပါတယ်။ ဆင်းဘက်ဝဲဟာ သူ့အဖေဆီပြေးလာပါတယ်။ အဖေဟာအခြားအမျိုးသမီးတစ်ယောက်ရဲ့ လက်ကိုကိုင်ထားတာတွေ့တော့ သူရပ်လိုက်ပါတယ်။ သူ့အဖေကပြုံပြီး “သမီးနဲ့အထူးတလည်တွေ့စေချင်တဲ့သူတစ်ဦးရှိပါတယ်။ သူက အနီတာပါ” လို့ပြုံးကာပြောလိုက်တယ်။

Siku moja baba yake Simbegwire alirudi nyumbani kwa kuchelewa. “Mwanangu uko wapi?” aliita. Simbegwire alimkimbilia baba yake. Alisimama ghafla baada ya kumwona baba yake akiwa ameshika mkono wa mwanamke. “Nataka ukutane na mtu muhimu, mwanangu. Huyu ni Anita,” alisema huku akitabasamu.


“ဟယ်လို ဆင်းဘက်ဝဲ အဖေကသမီးအကြောင်းကို အများကြီးပြောပြထားတယ်။” လို့ အနီတာက နှုတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့်သူက ပြုံးမပြသလို ကောင်မလေးကိုလည်း လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ပါဘူး။ ဆင်းဘက်ဝဲရဲ့ အဖေကတော့ ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေပါတယ်။ သူဟာ သူတို့သုံးယောက်အတူနေထိုင်ဖို့နဲ့ ဘဝကဘယ်လိုကောင်းလာမလဲဆိုတာတွေကိုလည်း ပြောပါတယ်။ “သမီးရေ အနီတာကို သမီးရဲ့အမေအဖြစ်လက်ခံမယ်လို အဖေမျှော်လင့်ပါတယ်” လို့သူကပြောတယ်။

“Hujambo Simbegwire? Baba yako amenisimulia mengi kukuhusu,” alisema Anita. Lakini hakutabasamu wala kumpa Simbegwire mkono. Baba yake Simbegwire alijaa na furaha. Aliongelea jinsi maisha yatakavyokuwa mazuri watatu hao wakiishi pamoja. “Mwanangu, ni matumaini yangu kuwa utamkubali Anita kuwa mama yako,” alisema.


ဆင်းဘက်ဝဲရဲ့ဘဝဟာ ပြောင်းလဲသွားပါတယ်။ မနက်ခင်းတွေမှာ သူ့အဖေနဲ့တူတူထိုင်တဲ့အချိန်မရှိတော့ပါဘူး။ အနီဟာ သူ့ကိုအိမ်အလုပ်တွေအများကြီးခိုင်းတာမို့လို့ ကျောင်းကပေးလိုက်တဲ့အိမ်စာတွေကိုလုပ်ဖို့အတွက် ပင်ပန်းသွားပါပြီ။ ညနေစာစားပြီးတာနဲ့ သူဟာအိပ်ရာထဲကိုဘဲ သွားပါတယ်။ သူ့ရဲ့တစ်ခုတည်းသော နှစ်သိမ့်မှုကတော့ သူ့အမေချန်ထားပေးတဲ့ ရောင်စုံစောင်လေးတစ်ထည်ပါဘဲ။ ဆင်းဘက်ဝဲရဲ့အဖေကတော့ သူ့သမီးမပျော်ရွှင်နေတာကို သတိမထားမိပါဘူး။

Maisha ya Simbegwire yakabadilika. Hakuwa na muda tena wa kukaa na baba yake asubuhi. Anita alimpa kazi nyingi za nyumbani zilizomchosha sana kiasi cha kushindwa kufanya kazi zake za shuleni jioni. Alikuwa anaenda moja kwa moja kulala baada ya chakula cha jioni. Faraja pekee aliyokuwa nayo ni blanketi lenye rangi nyingi alilopewa na mama yake. Baba yake Simbegwire hakugundua kwamba binti yake alikuwa hana furaha.


လအနည်းငယ်ကတော့ ဆင်းဘက်ဝဲရဲ့အဖေက သူအိမ်ရဲ့အဝေးကိုခနသွားဖို့ သူတို့ကိုပြောပါတယ်။ “ငါအလုပ်ကိစ္စနဲ့ခရီးသွားရဖို့ရှိတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ကြမယ်ဆိုတာ သိပါတယ်” လိုပြောပါတယ်။ ဆင်းဘက်ဝဲရဲ့မျက်နှာညှိုးသွားပါတယ် ဒါပေမယ့် သူ့အဖေက သတိမထားမိလိုက်ပါဘူး။ အနီတာကလည်း ဘာမှမပြောပါဘူး။ သူလည်း မပျော်ရွှင်ပါဘူး။

Baada ya miezi michache, baba yake Simbegwire aliwaambia kwamba ana mpango wa kusafiri. “Itanibidi nisafiri kikazi,” alisema. “Lakini najua hakutakuwa na tatizo.” Uso wa Simbegwire ulijawa huzuni, lakini baba yake hakugundua. Anita hakusema lolote. Hakuwa na furaha.


ဆင်းဘက်ဝဲရဲ့ဘဝဟာ ပိုပြီးဆိုးရွားလာပါတယ်။ သူ့ရဲ့အလုပ်တွေကိုမပြီးရင် သို့မဟုတ် ပြန်ချေပရင် အနီတာကသူ့ကိုရိုက်ပါတယ်။ ညနေစာစားတဲ့အခါမှာလည်း အဲ့ဒီအမျိုးသမီးဟာ အစားအစာအများဆုံးစားပြီး ဆင်းဘက်ဝဲအတွက် အနည်းငယ်သာချန်ပေးပါတယ်။ ညတိုင်း ဆင်းဘက်ဝဲဟာ သူ့အမေချန်ထားပေးတဲ့ စောင်ကိုခြုံပြီးငိုပါတယ်။

Mambo yakawa mabaya kwa Simbegwire. Aliposhindwa kumaliza kazi au alipolalamika, Anita alimpiga. Wakati wa chakula cha jioni Anita alikula chakula kingi, na kumwachia Simbegwire makombo. Kila usiku Simbegwire alikuwa analia, huku akilikumbatia blanketi la mama yake.


တစ်နေ့မနက်မှာ ဆင်းဘက်ဝဲဟာ အိပ်ရာထနောက်ကျပါတယ်။ “ငပျင်းမ” ဆိုပြီး အနီတာက အော်လိုက်ပါတယ်။ သူဟာ ဆင်းဘတ်ဝဲကို အိပ်ရာပေါ်ကနေ ဆွဲချသွားပါတယ်။ တန်ဖိုးရှိတဲ့စောင်ဟာ သံနဲ့ချိတ်မိပြီး နှစ်ခြမ်းကွဲသွားပါတယ်။

Asubuhi moja, Simbegwire alichelewa kuamka. “Wewe mtoto mvivu,” Anita aliita kwa kelele. Akamvuta Simbegwire kutoka kitandani. Blanketi lake zuri likanasa kwenye msumari na kuchanika vipande viwili.


ဆင်းဘက်ဝဲက အရမ်းကို စိတ်ဆိုးသွားပါတယ်။ သူဟာ အိမ်ကနေ ထွက်ပြေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ သူဟာအပိုင်းပိုင်းအစစဖြစ်သွားတဲ့ သူ့အမေရဲ့စောင်ကိုယူ၊ အစားအသောက်တွေကိုထုပ်ပြီး အိမ်ကနေထွက်လာခဲ့ပါတယ်။ သူ့အဖေခေါ်လာနေကြ လမ်းလေးအတိုင်း လျှောက်လာခဲ့ပါတယ်။

Simbegwire alikasirika sana. Akaamua kutoroka nyumbani. Akachukua vipande vya blanketi la mama yake. Akachukua na chakula na akaondoka nyumbani. Akaifuata barabara aliyopita baba yake.


ညနေရောက်တဲ့အခါ စမ်းချောင်းလေးနာမှာရှိတဲ့ သစ်ပင်မြင့်တစ်ပင်ပေါ်တက်ပြီး အကိုင်းတွေကို သူ့အတွက် အိပ်ယာအဖြစ်လုပ်ပါတယ်။ သူအိပ်ပျော်သွားဖို့အတွက် “မေမေ၊ မေမေ၊ မေမေ သမီးကိုချန်ထားခဲ့တယ်။ သမီးကိုချန်ထားခဲ့ပြီး ဘယ်တော့မှ မပြန်လာဘူး။ အဖေကသမီးကိုမချစ်တော့ဘူး။ အမေဘယ်တော့ပြန်လာမလဲ။ အမေသမီးကိုချန်ထားခဲ့တယ်” ဆိုပြီး သီချင်းဆိုနေပါတယ်။

Ilipofika jioni alipanda mti mrefu karibu na kijito na akaandaa kitanda kwenye matawi ya mti. Alipokuwa analala akaimba “Maama, maama, maama, umeniacha. Umeniacha na haukurudi tena. Baba hanipendi tena. Mama unarudi lini? Uliniacha.”


နောက်နေ့မနက်မှာလည်း ဆင်းဘက်ဝဲဟာ အဲ့ဒီသီချင်းဘဲထပ်ခါထပ်ခါ ဆိုနေပါတယ်။ အမျိုးသမီးတွေဟာ စမ်းချောင်းမှာ အဝတ်လျှော်ဖို့အတွက်လာတဲ့အခါမှာ သူတို့ဟာ သစ်ပင်မြင့်ပေါ်က ဝမ်းနည်ဖွယ်ကောင်းတဲ့ သီချင်းဆိုသံကို ကြားလိုက်ရတယ်။ သူတို့က ဒီအသံဟာ သစ်ရွက်လေတိုးသံလို့ဘဲထင်ပြီး သူတို့အလုပ်ကို သူတို့ဆက်လုပ်ကြပါတယ်။ ဒါပေမယ့်အမျိုးသမီးတစ်ဦးဟာ သီချင်းသံကိုသေချာနားထောင်ပါတယ်။

Asubuhi iliyofuata, Simbegwire aliimba ule wimbo tena. Wakina mama walipokuja kufua nguo zao walisikia wimbo wa huzuni kutoka kwenye mti mrefu. Wakafikiri ni upepo unatikisa matawi ya mti na wakaendelea na kazi zao. Lakini mama mmoja akasikiliza ule wimbo kwa makini.


အဲ့ဒီအမျိုးသမီးဟာ အပင်ပေါ်ကိုကြည့်လိုက်ပါတယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို ရောင်စုံစောင်လေးနဲ့တွေတဲ့အခါ “ဆင်းဘက်ဝဲ၊ ငါ့အစ်ကိုရဲ့ကလေး” ဆိုပြီး ငိုပါတယ်။ အခြားအမျိုးသမီးလေးတွေလည်း အဝတ်လျှော်တာရပ်လိုက်ပြီး ဆင်းဘက်ဝဲ သစ်ပင်ပေါ်ကနေ ဆင်းလာနိုင်အောင် ကူညီကြပါတယ်။ သူ့ရဲ့အဒေါ်က သူ့ကိုဖက်ပြီး နှစ်သိမ့်ပေးပါတယ်။

Mama huyo akaangalia juu ya mti. Alipomwona msichana na vipande vya blanketi la rangi, akalia, “Simbegwire, mtoto wa kaka yangu!” Wakina mama wengine wakaacha kufua na wakamsaidia Simbegwire kushuka toka juu ya mti. Shangazi yake akamkumbatia na kumfariji.


ဆင်းဘက်ဝဲရဲ့ အဒေါ်ဟာ အဲ့ဒီကလေးကို သူ့ရဲ့အိမ်မှာ ခေါ်သွားပါတယ်။ သူဟာဆင်းဘတ်ဝဲကို အစားအသောက်ပူပူလေးတွေ ကျွေးပြီး သူ့အမေရဲ့စောင်နဲ့ သူ့ကို အိပ်ရာထဲ သိပ်ပါတယ်။ အဲ့ဒီညမှာဘဲ သူအိပ်ပျော်သွားတဲ့အခါ ဆင်းဘတ်ဝဲက ငိုပါတယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ သက်သာခြင်းမျက်ရည်တွေပါဘဲ။ သူ့အဒေါ်ဟာ သူ့ကိုပြုစုစောင့်ရှောက်မယ်ဆိုတာ သူသိနေပါတယ်။

Shangazi yake Simbegwire akampeleka nyumbani kwake. Akampatia chakula, akampeleka kitandani na akamfunika na blanketi la mama yake. Usiku ule Simbegwire akalia alipokwenda kulala. Lakini yalikuwa machozi ya furaha. Alijua shangazi yake atamtunza.


ဆင်းဘက်ဝဲရဲ့အဖေဟာအိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့အခန်းဘာမှမရှိတာကို သတိထားမိလိုက်တယ်။ “ဘာတွေဖြစ်ခဲ့တာလည်း အနီတာ” လို့ လေးလံတဲ့နှလုံးသားနဲ့ မေးလိုက်ပါတယ်။ အဲ့ဒီအမျိုးသမီးက ဆင်းဘက်ဝဲထွက်ပြေးသွားကြောင်း ပြောပါတယ်။ “ကျွန်မက သူကျွန်မအပေါ်လေးစားစေချင်ခဲ့တာ၊ ဒါပေမယ့် ကျွန်မဘက်က အရမ်းတင်ကြပ်သွားတယ်ထင်တယ်” လို့ပြောပါတယ်။ ဆင်းဘက်ဝဲရဲ့အဖေဟာ အိမ်ကနေထွက်ပြီး စမ်ချောင်းဘက်ဦးတည်ရာကို လျှောက်လာခဲ့ပါတယ်။ သူဟာ သူ့ညီမရှိတဲ့ရွာဘက်ကိုလည်း သွားပြီး ဆင်းဘက်ဝဲကိုတွေ့မိသလားလို့မေးဖို့ ဖြစ်ပါတယ်။

Baba yake Simbegwire aliporudi nyumbani, alikikuta chumba chake kikiwa tupu. “Nini kimetokea, Anita?” aliuliza kwa simanzi. Anita akaelezea kuwa Simbegwire alitoroka. “Nilitaka aniheshimu,” alisema. “Labda nilikuwa mkali sana.” Baba yake Simbegwire aliondoka nyumbani na akaelekea kwenye kijito. Akaenda kwenye kijiji cha dada yake kuuliza kama amemwona Simbegwire.


ဆင်းဘက်ဝဲဟာ သူ့ရဲ့ တစ်ဝမ်းကွဲတွေနဲ့ ဆော့နေတဲ့အချိန်သူ့အဖေအဝေးကနေလာတာ တွေ့လိုက်ပါတယ်။ သူ့အဖေစိတ်ဆိုးမှာအရမ်းကြောက်ပြီး အိမ်ထဲမှာ ဝင်ပုန်းနေပါတယ်။ ဒါပေမယ့် သူ့အဖေဟာ သူ့အနားလာပြီး “ဆင်းဘက်ဝဲ၊ သမီးမှာ သမီးအတွက်ပြည့်စုံတဲ့အမေကို သမီးကိုယ်တိုင် ရှာတွေ့ပြီးပါပြီ။ သမီးကိုချစ်ပြီး သမီးအပေါ် နားလည်ပေးတဲ့သူပေါ့။ သမီးအတွက်အရမ်းဂုဏ်ယူပြီး သမီးကိုချစ်ပါတယ်” လို့ပြောလိုက်ပါတယ်။ သူတို့ဟာ ဆင်းဘက်ဝဲပျော်သလောက် သူ့ဒေါ်ဆီမှာနေဖို့အတွက် သဘောတူလိုက်ပါတယ်။

Simbegwire alikuwa anacheza na binamu zake alipomwona baba yake akija kwa mbali. Aliogopa kuwa baba yake angekuwa amekasirika, na akakimbilia ndani ya nyumba ili ajifiche. Baba yake alimwendea na akamwambia, “Simbegwire umempata mama mzuri. Anayekupenda na kukuelewa. Najivunia kuwa nawe na ninakupenda.” Walikubaliana kuwa Simbegwire angeishi na shangazi yake kwa muda wote atakaotaka.


သူ့အဖေဟာ သူ့ဆီကိုနေ့တိုင်း လာပါတယ်။ နောက်ဆုံးတော့ သူဟာ အနီတာကိုပါခေါ်လာခဲ့ပါတယ်။ သူဟာအနီတာရဲ့လက်ကိုကိုင်ပြီး “တောင်းပန်ပါတယ်ကလေးရယ်၊ အန်တီမှားသွားတယ်၊ အန်တီ့ကို နောက်တစ်ခေါက်ကြိုးစားခွင့် ပေးမလား” လို့ပြောပြီးငိုပါတယ်။ ဆင်းဘက်ဝဲဟာ သူ့အဖေရဲ့ စိတ်ပူနေတဲ့ မျက်နှာကိုကြည့်လိုက်ပါတယ်။ သူဟာ ရှေ့ကိုဖြည်းဖြည်းချင်းတိုးကြီး အနီတာကိုသူ့ရဲ့ လက်နဲ့ဖက်လိုက်ပါတယ်။

Baba yake alikuwa akimtembelea kila siku. Mwishoe akaja na Anita. Akampa mkono Simbegwire. “Nisamehe, nilikosea,” akalia. “Utanipa nafasi kujaribu tena?” Simbegwire alimwangalia baba yake aliyekuwa na uso wa wasiwasi. Baadaye akamwendea Anita taratibu na akamkumbatia.


နောက်အပတ်မှာတော့ အနီတာဟာ ဆင်းဘက်ဝဲရယ်၊ သူ့အဒေါ်ရယ်နဲ့ သူ့ရဲ့တစ်ဝမ်းခွဲတွေကို အိမ်မှာလာစားသောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တကယ့်စားပွဲတော်ပါဘဲ။ အနီတာဟာ ဆင်းဘက်ဝဲအကြိုက်ဆုံးအစားအသောက်တွေကို ပြင်ဆင်ထားပြီး လူတိုင်းဟာ သူတို့ဗိုက်ဝတဲ့အထိ စားသောက်ကြပါတယ်။ အဲ့ဒီနောက်တော့ လူကြီးတွေစကားပြောတဲ့အချိန်မှာ ကလေးတွေဟာပြေးလွှားဆော့ကစားနေကြပါတယ်။ ဆင်းဘက်ဝဲဟာ ပျော်ရွှင်ပြီး သတ္တိရှိလာတယ်လို့ခံစားရပါတယ်။ သူဟာ သူ့အဖေနဲ့ သူ့ရဲ့မိထွေးတို့နဲ့တူတူနေဖို့အတွက် သိပ်မကြာခင်အချိန်မှာ အိမ်ပြန်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Wiki iliyofuata, Anita aliwaalika Simbegwire, binamu zake, na shangazi yake kwa ajili ya chakula. Anita akaandaa vyakula vyote ambavyo Simbegwire anavipenda, na kila mmoja akala hadi akashiba. Baada ya kula watoto wakaenda kucheza huku watu wazima wakiongea. Simbegwire akajisikia furaha na jasiri. Akaamua kuwa si muda mrefu atarejea nyumbani kuishi na baba yake na mama yake wa kambo.


Written by: Rukia Nantale
Illustrated by: Benjamin Mitchley
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 5
Source: Simbegwire from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 3.0 International License.
Read more level 5 stories:
Options
Back to stories list Download PDF