Download PDF
Back to stories list

အရပ်ရှည်သောလူကြီးတစ်ယောက် A very tall man

Written by Cornelius Gulere

Illustrated by Catherine Groenewald

Translated by Naw Thazin Hpway

Language Burmese

Level Level 2

Narrate full story The audio for this story is currently not available.


သူ့ရဲ့ပေါက်ပြားကတိုလွန်းတယ်။

His hoe was too short.


သူ့ရဲ့တံခါးဝင်ပေါက်က နိမ့်လွန်းတယ်။

His doorway was too low.


သူ့ရဲ့အိပ်ရာက ကျဉ်းလွန်းတယ်။

His bed was too short.


သူ့ရဲ့စက်ဘီးက နိမ့်လွန်းတယ်။

His bicycle was too short.


ဒီလူကြီးက အရပ်မြင့်လွန်းတယ်။

This man was too tall!


သူဟာ အရမ်းရှည်တဲ့ပေါက်ပြားကြီးကို လုပ်လိုက်တယ်။

He made a very long hoe handle.


သူဟာ တံခါးဝင်ပေါက်ကို အမြင့်ကြီးဆောက်လိုက်တယ်။

He made very high door frames.


သူဟာ အိပ်ရာကို အကြီးကြီးဖြစ်အောင်ပြင်လိုက်တယ်။

He made a very long bed.


သူဟာ အရမ်းမြင့်တဲ့စက်ဘီးကို ဝယ်လိုက်တယ်။

He bought a very high bicycle.


သူဟာခုံအမြင့်ကြီးမှာဘဲထိုင်တယ်။ သူဟာ ခက်ရင်းအရှည်ကြီးနဲ့ဘဲ စားပါတယ်။

He sat on a very high chair. He ate with a very long fork.


သူဟာသူ့ရဲ့အိမ်ကိုစွန့်ပြီး တောအုပ်ကြီးမှာသွားနေပါတယ်။ သူဟာနှစ်ပေါင်းများစွာ နေထိုင်ခဲ့ပါတယ်။

He left his house and lived in a big forest. He lived for many years.


Written by: Cornelius Gulere
Illustrated by: Catherine Groenewald
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 2
Source: A very tall man from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 3.0 International License.
Options
Back to stories list Download PDF