تحميل بصيغة PDF
العودة لقائمة القصص

မြို့ကိုသွားဖို့အတွက် အိမ်ကနေထွက်ခွာလာခြင်း يوم تركت المنزل ذاهباً إلى المدينة

كُتِب بواسطة Lesley Koyi, Ursula Nafula

رسمة بواسطة Brian Wambi

بترجمة Naw Thazin Hpway

لغة البورمية

مستوى المستوى 3

سرد للقصة كاملة الصوت لهذه القصة غير متوفر.


ကျွန်တော့ရဲ့ရွာမှာရှိတဲ့ ဘတ်စ်ကားဂိတ်သေးသေးလေးဟာ လူတွေနဲ့ ရှုပ်နေပြီး ဘတ်စ်ကားတွေကလည်း လူတင်ထားတာအလွန်အကျွံများပြားနေပါတယ်။ အောက်မှာဆိုရင် ပစ္စည်းတွေနဲ့ ပိုပြီးလေးလံနေပါတယ်။ လက်မှတ်ရောင်းသမားတွေကလည်း သူတို့ရဲ့ ဘတ်စ်ကားသွားမယ့်နေရာတွေရဲ့အမည်ကို အော်နေပါတယ်။

كانت محطة القرية مزدحمة بالناس والحافلات المكدسة بالركاب. على الرصيف، انتظر عدد أكبر من الركاب. كان السائقون ينادون على مقاصدهم.


“မြို့ကို၊ မြို့ကို၊ အနောက်ဘက်ကိုသွားမယ်” ဆိုတဲ့ လတ်မှတ်ရောင်းသမားရဲ့ အော်သံကိုကြားလိုက်ပါတယ်။ အဲ့ဒီရဲ့ ဘတ်စ်ကားဟာ ကျွန်တော်လိုက်သွားရမယ့် ဘတ်စ်ကားဘဲ။

سمعت أحد المنادين يصرخ: “المدينة! المدينة! متجهين الي الغرب!” هذه كانت الحافلة التي احتاجها.


မြို့ကိုသွားမယ့် ဘတ်စ်ကားဟာ ပြည့်ခါနီးနေပါပြီ၊ ဒါပေမယ့် လူတွေက တိုးကြိတ်ပြီးတက်နေတုန်းပါဘဲ။ တစ်ချို့က သူတို့အိတ်ကို ကားအောက်မှထားပါတယ်။ တစ်ချို့တော့ သူတို့အိတ်ကို ကားပေါ်က တန်းထဲမှာထားပါတယ်။

كانت الحافلة قد اشرفت على الاكتمال ولا تزال الركاب تتدافع للصعود اليها. بعض الركاب تركوا أمتعتهم في المكان المخصص لها بباطن الحافلة بينما اكتفي البعض الأخر بوضعها على الأرفف بالداخل.


ခရီးသည်အသစ်တွေဟာ သူတို့ရဲ့လတ်မှတ်ကို ဆောင့်ဆွဲယူပြီး လူတွေနဲ့ပြည်နက်နေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ဖို့နေရာလိုက်ရှာပါတယ်။ ကလေးငယ်ပါတဲ့ အမျိုးသမီးတွေဟာ ခရီးရှည်တစ်လျှောက်လုံး သူတို့ကလေးကို သက်သောင့်သက်သာဖြစ်စေပါတယ်။

امضي الركاب يبحثون عن مقاعد خالية وسط الزحام، وهم ممسكين بتذاكرهم. وظلت الأمهات تداعب صغارها طوال الرحلة الطويلة.


ကျွန်တော်ကတော့ ပြတင်းပေါက်နားမှာ ကျုံ့ကျုံ့လေးထိုင်လိုက်ပါတယ်။ ကျွန်တော့နားမှာ ထိုင်တဲ့သူက ပလတ်စတစ်အိတ်အစိမ်းရောင်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားပါတယ်။ သူဟာ ညှပ်ဖိနပ်အဟောင်း၊ စုတ်နေတဲ့ကုတ်အင်္ကျီ ဝတ်ထားပြီး စိတ်လှုပ်ရှားနေပုံပေါ်ပါတယ်။

تقلصت انا بجانب أحد النوافذ. كان يجلس بجانبي رجلاً يحتضن حقيبة خضراء. كان الرجل يرتدي خفاً ومعطفاً رثاً، و قد بدي عليه القلق.


ကျွန်တော်ဟာ ဘတ်စ်ကားရဲ့ အပြင်ဘက်ကိုရှိပြီး ကျွန်တော်ကြီးပြင်းလာတဲ့ ရွာကနေထွက်ခွာလာနေကြောင်း သိနားလည်လိုက်ပါတယ်။ ကျွန်တော်ဟာ မြို့ကြီးကိုသွားနေပါတယ်။

همت بنظري خارج الحافلة وأدركت أنني أترك قريتي، المكان الذي نشأت فيه. كنت ذاهبا إلى المدينة الكبيرة.


လူတွေတက်တာပြည့်သွားတဲ့အခါမှာ ခရီးသည်တွေဟာ နေရာယူကြပါတယ်။ ခေါင်းရွက်ဈေးသည်တွေကတော့ သူတို့ရောင်းတာတွေကုန်အောင် ဘတ်စ်ကားထဲတိုးဝှေ့ ဝင်နေတုန်းပါဘဲ။ လူတိုင်းက သူတို့ရောင်းတဲ့ပစ္စည်းတွေရဲ့အမည်ကို အော်ဟစ်နေကြပါတယ်။ စကားလုံးတွေကတော့ ကျွန်တော့အတွက် ရီစရာဖြစ်နေပါတယ်။

اكتملت الحافلة وبات جميع الركاب جالسين في مقاعدهم. ظل الباعة الجائلين يسعون داخل الحافلة لبيع بضائعهم للركاب. كان كلاً منهم ينادي بما يعرض للبيع. كانت كلماتهم تضحكني.


အချို့သောခရီးသည်တွေက သောက်စရာတွေကို ဝယ်ပြီး အချို့က မုန့်တွေကိုဝယ်ပြီး ဝါးနေပါတယ်။ ကျွန်တော်လိုပိုက်ဆံမရှိတဲ့သူတွေကတော့ ကြည့်ဘဲကြည့်နေပါတယ်။

بعض الركاب اشتري مأكولات وامضوا يأكلونها، بينما فضل قيل منهم المشروبات. ومن لم يكن يملك نقود مثلي اكتفي بالمشاهدة.


ဒီလိုလုပ်နေတာတွေကို ကားစထွက်ဖို့အဆင်သင့်ရှိပြီးဆိုတာ သတိပေးတဲ့ ကားဟွန်းတီးတာက ဖျက်လိုက်ပါတယ်။ လက်မှတ်ရောင်းတဲ့သူက ခေါင်းရွက်ဈေးသည်တွေကို မောင်းထုတ်လိုက်ပါတယ်။

قاطع صفير الحافلة كل هذه الأحداث ليشير أننا جاهزين للتحرك. صار السائق يصرخ في الباعة الجائلين ليتركوا الحافلة.


ခေါင်းရွက်ဈေးသည်တွေဟာ တစ်ဦးကိုတစ်ဦးတွန်းထုတ်ပြီး ကားအပြင်ဘက်ကို ထွက်လာပါတယ်။ တစ်ချို့က ခရီးသွားတွေကို အကြွေပြန်အမ်းပါတယ်။ တစ်ချို့ကလည်း နောက်ဆုံးမိနစ်ထိ သူတို့ပစ္စည်းရောင်းထွက်ဖို့အတွက် ကြိုးစားကြပါတယ်။

تسارع الباعة الجائلين خارج الحافلة. بعضهم أعاد باقي النقود للركاب، وبعضهم قام بمحاولة أخيرة لبيع المزيد من الأغراض.


ဘတ်စ်ကားဟာ ဘတ်စ်ကားဂိတ်ကနေ ထွက်ခွာလာတဲ့အခါ ကျွန်တော်ဟာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ပါတယ်။ ကျွန်တော်ဘယ်တော့မှာ ရွာကိုပြန်ရောက်မလဲဆိုတာကို တွေးမိပါတယ်။

انطلقت الحافلة ونظرت أنا خارج النافذة. همت في إن كنت سأعود إلى قريتي يوما ما.


ခရီးဆက်သွားရင်း ကားအတွင်းပိုင်းက အရမ်းပူလာပါတယ်။ ကျွန်တော်ဟာ အိပ်ပျော်ဖို့အတွက် မျက်စိမှိတ်ထားလိုက်ပါတယ်။

بينما الحافلة قطعت الحافلة طريقها نحو المدينة، أصبح المناخ حار جدا. أغمضت عيناي وأنا آمل أن أنام.


ဒါပေမယ့် ကျွန်တော့်စိတ်က အိမ်ကိုဘဲ ပြန်သယ်ဆောင်သွားပါတယ်။ အမေလုံခြုံပါ့မလာ။ ယုန်ကလေးတွေကော ပိုက်ဆံရပါ့မလား။ ညီလေးကကော ကျွန်တော့်ရဲ့ အပင်ပေါက်လေးတွေကို ရေလောင်းဖို့အတွက် သတိရပါ့မလား။

ظل ذهني يجذبني للمنزل. هل ستكون أمي في أمان؟ هل ستجلب أرانبي مالا؟ هل سيتذكر اخي أن يسقي أشجاري؟


လမ်းမှာ ကျွန်တော်က မြို့မှာနေတဲ့ ကျွန်တော့်ဦးလေးရဲ့ နေရာနာမည်ကိုလည်း အလွတ်ကျက်ထားပါတယ်။ အိပ်နေဆဲဘဲ ကျွန်တော်ဟာ မကြားတကြားနဲ့ ရေရွတ်နေပါတယ်။

في الطريق تذكرت أين يقطن عمي في المدينة الكبيرة. ظللت اردده حتى خلدت للنوم.


ကိုးနာရီကျော်ကြာတဲ့အခါမှာ ဆူညံသံတွေ၊ ရွာကိုပြန်ဖို့ခရီးသည်အော်ခေါ်သံတွေနဲ့ ကျွန်တော်နိုးပါတယ်။ ကျွန်တော့်ရဲ့ အိတ်သေးသေးလေးကိုယူပြီး ကားပေါ်ကနေ ဆင်းချလာပါတယ်။

بعد تسع ساعات، استيقظت إلى قرع صاخب وصراخ المنادي على الركاب العائدين إلى القرية. انتزعت حقيبتي وأسرعت خارج الحافلة.


အပြန်မှာလည်း ဘတ်စ်ကားက အမြန်ပြည့်သွားပါတယ်။ သိပ်မကြာခင် အရှေ့ဘက်ကို ပြန်သွားပါတော့မယ်။ ယခု ကျွန်တော့်အတွက်အရေးကြီးဆုံးက ကျွန်တော့ဦးလေးရဲ့အိမ်ကို စရှာဖို့ဘဲဖြစ်ပါတယ်။

كانت الحافلة تمتلئ بسرعة. قريبا ستشق طريقها عائدة إلي الشرق. بالنسبة إلي كان أهم شيء أن أبحث عن عمي.


كُتِب بواسطة: Lesley Koyi, Ursula Nafula
رسمة بواسطة: Brian Wambi
بترجمة: Naw Thazin Hpway
لغة: البورمية
مستوى: المستوى 3
المصدر: The day I left home for the city از القصص الأفريقية القصيرة
رخصة المشاع الإبداعي
تحت مجوز المشاع الإبداعي نَسب المُصنَّف 4.0 دولي کریتز کامنز به نشر رسید.
خيارات
العودة لقائمة القصص تحميل بصيغة PDF