تحميل بصيغة PDF
العودة لقائمة القصص

ဆာကီမာရဲ့သီချင်း أغنية سكيما

كُتِب بواسطة Ursula Nafula

رسمة بواسطة Peris Wachuka

بترجمة Naw Thazin Hpway

لغة البورمية

مستوى المستوى 3

سرد للقصة كاملة الصوت لهذه القصة غير متوفر.


ဆာကီမာဟာ သူ့ရဲ့ညီမလေးနဲ့အတူ မိဘတွေနဲ့ နေထိုင်ပါတယ်။ သူတို့ဟာ အရမ်းချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ရဲ့မြေမှာ နေထိုင်ပါတယ်။ သစ်ပင်တန်းတွေရဲ့အဆုံးမှာ မြက်နဲ့လုပ်ထားတဲ့ သူတို့ရဲ့တဲကလေးရှိပါတယ်။

كان سَكِيمَا يعيش مع والديه وأخته ذات الأربع سنوات في ضيعة يملكها رجل ثري. وكان كوخهم المبني من القش، في نهاية صف من الأشجار.


ဆာကီမာသုံးနှစ်အရွယ်မှာ သူဟာ အပြင်းဖျားပြီး အမြင်အာရုံဆုံးရှုံးသွားပါတယ်။ ဆာကီမာဟာ ထူးချွန်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

عندما كان عمر سكيما ثلاث سنوات، مرض وفقد بصره، لكنه كان صبياً موهوباً.


ဆာကီမှာဟာ အခြားသော ၆နှစ်အရွယ် ကောင်လေးတွေမလုပ်နိုင်တဲ့အရာတွေတော်တော်များများကို လုပ်ပါတယ်။ ဥပမာ - ရွာမှာရှိတဲ့လူကြီးတွေနဲ့ ထိုင်ပြီး အရေးကြီးတဲ့အကြောင်းအရာတွေကို ဆွေးနွေးပါတယ်။

فعل سكيما أشياء عديدة لا يستطيع صبيان في عمر الست سنوات أن يقوموا بها. كان مثلا يجالس كبار القوم في قريته ويناقش معهم قضايا هامة.


ဆာကီမာရဲ့မိဘတွေဟာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ရဲ့အိမ်မှာအလုပ်လုပ်ပါတယ်။ သူတို့ဟာ မနက်စောစောအိမ်ကထွက်သွားပြီး ညနေနောက်ကျမှ အိမ်ကိုပြန်ရောက်ပါတယ်။ ဆာကီမာဟာ သူ့ရဲ့ညီမလေးနဲ့ဘဲ ကျန်နေခဲ့ပါတယ်။

كان والدا سكيما يعملان في منزل الرجل الثري وكانا يغادران كوخهما باكراً في الصباح ويرجعان في وقت متأخر من المساء. وكان سكيما يمكث في المنزل مع أخته.


ဆာကီမာဟာ သီချင်းဆိုရတာ ကြိုက်ပါတယ်။ တစ်နေ့တော့ သူ့အမေက “ဆာကီမာ, သားဒီသီချင်းတွေက ဘယ်ကနေ သင်ယူရရှိခဲ့သလဲ” လို့မေးပါတယ်။

كان سكيما مولعاً بالغناء، فسألته أمه يوما: “من أين حفظت هذه الأغاني يا سكيما؟”


ဆာကီမာက “အမေရေ ဒီအတိုင်းထွက်လာတာဘဲ၊ ကျွန်တော့်ရဲ့ခေါင်းထဲကနေသီချင်းသံတွေ ကြားပြီး ကျွန်တော် ဆိုလိုက်တာဘဲ” လို့ ပြန်ဖြေလိုက်တယ်။

أجاب سكيما: “إنها تأتي هكذا يا أمي، أسمعها في رأسي فأغنيها”.


ဆာကီမာဟာ သူ့ညီမလေးဗိုက်ဆာနေတဲ့အချိန်တိုင်းလည်း သီချင်းဆိုပေးပါတယ်။ သူ့ညီမလေးဟာ သူအကြိုက်ဆုံးသီချင်းကို နားထောင်ပါတယ်။ သူ့ရဲ့ စိတ်သက်သာရာရာစေတဲ့တေးသွားနဲ့ သူဟာလွင့်မျှောသွားပါတယ်။

كان سكيما يحب أن يغني لأخته، خاصة إذا ما شعرت بالجوع. فكانت تصغي إلى أغنيته المفضلة وتتمايل مع اللحن المهدئ اللطيف.


ဆာကီမာရဲ့ညီမလေးက “ဆာကီမာရေ, နောက်တစ်ခေါက်ပြီးတစ်ခေါက် ဆိုပြပါလား” လို့တောင်းဆိုပါတယ်။ ဆာကီမာက လက်ခံပြီး ထပ်ခါထပ်ခါ ဆိုပြပါတယ်။

وكانت أخت سكيما تتوسل إليه: “هلا أعدت الغناء من جديد، يا سكيما؟”. وكان سكيما يلبي طلب أخته فيعيد الغناء مرات.


တစ်ညနေတော့ သူ့ရဲ့မိဘတွေဟာ အိမ်ပြန်လာပြီး တိတ်ဆိတ်နေကြပါတယ်။ ဆာကီမာက တစ်ခုခုမှားယွင်းနေပြီဆိုတာ ဆာကီမာသိလိုက်ပါတယ်။

وفي إحدى الأمسيات، رجع والدا سكيما إلى المنزل ولزما الصمت على غير العادة. عرف سكيما أن هناك شيئاً ما يقلقهما.


ဆာကီမာက “အမေ၊ အဖေ ဘာတွေမှားယွင်းနေတာလဲ” လို့မေးလိုက်ပါတယ်။ ဆာကီမာက သူဌေးကြီးရဲ့သား ပျောက်သွားကြောင်း သိလိုက်ရပါတယ်။ သူဌေးကြီးဟာ အရမ်းဝမ်းနည်းပြီး အထီးကျန်နေပါတယ်။

سأل سكيما: “أمي، أبي، ما خطبكما؟” أخبره والداه أن ابن الرجل الثري قد اختفى وأن والده يشعر بالوحدة وبالحزن الشديد.


ဆာကီမာက သူ့မိဘတွေကို “ကျွန်တော် သူ့အတွက် သီချင်းဆိုပေးနိုင်ပါတယ်” လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့မိဘတွေက ပယ်ချခဲ့ပါတယ်။ “သူဟာ အရမ်းကိုချမ်းသာတယ်။ သားကမျက်မမြင်တစ်ယောက်ဘဲ။ သားရဲ့သီချင်းတွေက သူ့ကိုကူညီနိုင်မယ်လို့ ထင်သလား။”

قال سكيما لوالديه: “أنا أستطيع أن أغني له… قد يفرح من جديد”. لكن والداه نهراه: “إنه غني جداً، وأنت لا تعدو أن تكون صبياً أعمى. هل تظن أن أغنيتك سوف تساعده؟”.


ဒါပေမယ့် ဆာကီမာက အရှုံးမပေးခဲ့ပါဘူး။ သူ့ရဲ့ညီမကလေးက သူ့ကိုထောက်ခံခဲ့ပါတယ်။ သူ့ညီမလေးက “ဆာကီမာရဲ့သီချင်းတွေဟာ သမီးဗိုက်ဆာတဲ့အချိန်မှာ သက်သာမှုကိုပေးစေတယ်။ သူတို့ဟာ သူဌေးကြီးကိုလည်း သက်သာရာရစေနိုင်မှာပါ။” လို့ပြောပါတယ်။

لكن سكيما لم ييأس، وكانت شقيقه الصغيرة تدعمه قائلة: “إن أغاني سكيما تريحني عندما أكون جائعة. وهي سوف تريح الرجل الثري أيضا”.


နောက်တစ်နေ့မှာတော့ ဆာကီမာဟာ သူ့ညီမလေးကို သူဌေးကြီးအိမ်ဆီ လိုက်ပို့ခိုင်းပါတယ်။

وفي اليوم الموالي، طلب سكيما من شقيقته أن تقوده إلى منزل الرجل الثري.


သူဟာ ပြတင်းပေါက်ကြီးတစ်ခုနားမှာရပ်ပြီး သူအကြိုက်ဆုံးသီချင်းကို သီဆိုနေပါတယ်။ တဖြည်းဖြည်းနဲ့ သူဌေးကြီးဟာ ပြတင်းပေါက်ကြီးကနေ ခေါင်းပြူထွက်လာပါတယ်။

وقف سكيما تحت نافذة كبيرة وبدأ ينشد أغنيته المفضلة. وشيئا فشيئا، بدأ الرجل الثري يطل برأسه من خلال النافذة الكبيرة.


အလုပ်သမားတွေကလည်း သူတို့လုပ်နေတာတွေကို ရပ်လိုက်ပါတယ်။ သူတို့ဟာ ဆာကီမာရဲ့ လှပတဲ့သီချင်းကို နားဆင်နေကြပါတယ်။ ဒါပေမယ့် အမျိုးသားတစ်ယောက်က “ငါတို့သူဌေးကို ဘယ်သူကမှ နှစ်သိမ့်မပေးဖူးဘူး။ ဒီမျက်မမြင်ကောင်လေးဟာ သူ့ကိုနှစ်သိမ့်ပေးနိုင်မယ်လို့ ထင်နေသလား” လို့မေးတယ်။

توقف العمال عن العمل وأخذوا يستمعون لأغنية سكيما الرائعة. لكن أحدهم قال: “لا أحد استطاع مواساة صاحب الضيعة إلى حد الآن. فهل يعتقد هذا الصبي الأعمى أنه قادر على مواساته؟”.


ဆာကီမာဟာ သီချင်းဆိုပြီးတဲ့အခါ ပြန်ဖို့လှည့်ထွက်လာပါတယ်။ ဒါပေမယ့် သူဌေးကြီးဟာ အပြင်ကို အမြန်ထွက်လာပြီး “ကျေးဇူးပြုပြီး နောက်တစ်ခေါက်ဆိုပြပါလား” လို့ပြောလိုက်ပါတယ်။

أنهى سكيما الغناء واستدار مغادراً، لكن الرجل الثري خرج مسرعا وقال مخاطبا سكيما: “أرجوك، غنِّ لي من جديد”.


အဲ့ဒီအချိန်မှာဘဲ လူနှစ်ယောက်ဟာ ထမ်းစင်နဲ့ တစ်စုံတစ်ယောက်ကို သယ်လာပါတယ်။ သူတို့ဟာ သူဌေးကြီးရဲ့ သား အရိုက်ခံရပြီး လမ်းဘေးမှာပစ်ထားခံရတာကို တွေ့လို့ဖြစ်ပါတယ်။

وفي تلك اللحظة بالذات، أقبل رجلان يحملان شخصا على محفة. إنه ابن الرجل الثري. لقد وجداه ملقا على حافة الطريق بعد أن أُشْبِعَ ضرباً.


သူဌေးကြီးဟာ သူ့ရဲ့သားကို တစ်ခါပြန်တွေ့လို့ အလွန်ဝမ်းသာနေပါပြီ။ သူ့ကို နှစ်သိမ့်ပေးတဲ့ ဆာကီမာကို ဆုချလိုက်ပါတယ်။ သူဟာ သူ့သားနဲ့ ဆာကီမာကို ဆေးရုံခေါ်သွားပြီး ဆာကီမာကိုတော့အမြင်အာရုံပြန်ရဖို့အတွက် ခေါ်သွားတာဖြစ်ပါတယ်။

فرح الرجل الثري كثيراً لرؤية ابنه من جديد وكافأ سكيما لمواساته له، فأخذه مع ابنه إلى المستشفى وقرر أن يساعده على استرجاع بصره.


كُتِب بواسطة: Ursula Nafula
رسمة بواسطة: Peris Wachuka
بترجمة: Naw Thazin Hpway
لغة: البورمية
مستوى: المستوى 3
المصدر: Sakima's song از القصص الأفريقية القصيرة
رخصة المشاع الإبداعي
تحت مجوز المشاع الإبداعي نَسب المُصنَّف 4.0 دولي کریتز کامنز به نشر رسید.
خيارات
العودة لقائمة القصص تحميل بصيغة PDF