تحميل بصيغة PDF
العودة لقائمة القصص

ဖွားဖွားရဲ့ ငှက်ပျောသီးများ موز جدتي

كُتِب بواسطة Ursula Nafula

رسمة بواسطة Catherine Groenewald

بترجمة Naw Thazin Hpway

لغة البورمية

مستوى المستوى 4

سرد للقصة كاملة الصوت لهذه القصة غير متوفر.


ဖွားဖွားရဲ့ ဥယာဉ်ဟာ ငရုတ်သီးစိမ်း၊ နှံစားပြောင်း၊ ပီလောပီနှံတွေနဲ့ပြည့်နေပြီး အရမ်းကို အံ့ဩဖို့ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီထဲမှာတော့ ငှက်ပျောသီးတဲ့က အကောင်းဆုံးပါဘဲ။ ဖွားဖွားမှာ မြေးတွေများကြီးရှိပေမယ့် ကျွန်မကိုအချစ်ဆုံးဘဲဆိုတာ တိတ်တိတ်ကလေးသိပါတယ်။ သူ့အိမ်ကိုလာလည်ဖို့အတွက် မကြာမကြာခေါ်ပါတယ်။ သူဟာကျွန်မကိုလည်း လှိူ့ဝှက်ချက် အငယ်လေးတွေကိုလည်း ပြောပြတတ်ပါတယ်။ ဒါပေမယ့် သူမပြောပြတာတစ်ခုရှိပါတယ် သူ့ရဲ့ငှက်ပျောသီးတွေကိုမှည့်အောင် ဘယ်မှာထားထားသလဲဆိုတာကိုပါဘဲ။

كانت لجدتي حديقة رائعة تملأها الذرة الرفيعة والدخن والكسافا، ولكن شجيرات الموز كانت أجمل ما في الحديقة. وكان لجدتي أحفادا كثيرين، إلا أنني كنت على يقين من أنني كنت المفضلة لديها. كانت تدعوني دوما إلى منزلها وكانت تودعني أسرارها الصغيرة، غير أن لجدتي سرا تخفيه عني ولا ترغب في اطلاعي عليه، ألا وهو المكان الذي تقوم فيه بإنضاج الموز.


တစ်နေ့မှာတော့ ကျွန်မဟာ အဖွားရဲ့အိမ်ထဲကို မြက်ခြင်းကြီးတစ်ခြင်း ထားထားတာကိုတွေ့လိုက်ပါတယ်။ ကျွန်မက ဒီခြင်းက ဘာအတွက်လဲလို့မေးတိုင်း “ဒါဟာ မှော်ခြင်း” ဆိုတဲ့အဖြေဘဲရခဲ့ပါတယ်။ ခြင်းနားမှာတော့ ငှက်ပျောရွက်တွေကို တွေ့ပြီး အဖွားက တစ်ခါပြီးတစ်ခါ လှည့်နေတတ်ပါတယ်။ ကျွန်မအရမ်းကို စပ်စုချင်သွားပါတယ်။ ကျွန်မက “ငှက်ပျောရွက်တွေက ဘာအတွက်လဲ” လို့ မေးပါတယ်။ ကျွန်မရတဲ့ တစ်ခုတည်းသောအဖြေက “ဒါတွေဟာ မှော်ရွက်တွေဘဲဖြစ်တယ်” ဆိုတာပါဘဲ။

وفي يوم من الأيام، رأيت سلة كبيرة من السعف قد عرضت لحرارة الشمس خارج منزل جدتي. ولما سألتها لما تستعمل تلك السلة، كان جوابها الوحيد: “إنها سلتي السحرية”. وكان بجانب السلة مجموعة من الأوراق التي كانت جدتي تقلبها من حين لأخر. ازداد فضولي وسألتها: “فيما تستعملين هذه الأوراق، يا جدتي؟” وكان جوابها الوحيد أيضا: “إنها أوراقي السحرية”.


ဖွားဖွားရယ်၊ ငှက်ပျောသီးရယ်၊ ငှက်ပျောရွက်ရယ်နဲ့ မြက်ခြင်းရယ်ဟာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့်အဖွားက အမေ့ကိုဘဲ ကူခိုင်းဖို့ လွတ်လိုက်ပါတယ်။ “ဖွားဖွား၊ ဖွားဖွားပြင်ဆင်တာ ကြည့်ပါရစေ…”ဖွားဖွားက “ခေါင်းမမာနဲ့ကလေး ပြောတဲ့အတိုင်းလုပ်ပါ” လို့ဘဲ ပြောနေပါတယ်။ ကျွန်မ အပြေးလေးထွက်သွားပါတယ်။

وكم كنت يومها مستمتعة بمشاهدة جدتي وموزات جدتي وأوراق الموز وسلة السعف. لكن جدتي قررت أن تبعثني لقضاء أمر ما لدى أمي. توسلت إليها: “أرجوك جدتي، دعيني أشاهدك وأنت تحضرين …” لكنها قاطعتني، وأصرت: “لا تكوني عنيدة صغيرتي. هيا، افعلي ما أمرتك به “. فانطلقت جريا نحو أمي.


ကျွန်မပြန်လာတဲ့အခါ အဖွားဟာ အိမ်အပြင်ဘက်မှာ ခြင်းကော ငှက်ပျောသီးပါ မရှိတော့ဘဲ ထိုင်နေပါတယ်။ “ဖွားဖွား ခြင်းဘယ်ရောက်သွားပြီလဲ၊ ငှက်ပျောသီးတွေ ဘယ်ရောက်သွားပြီးလဲ ဘယ်မှာ…” ‘ဒါပေမယ့် ကျွန်မရတဲ့တစ်ခုတဲ့ အဖြေက “မှောနေရာကိုရောက်ရှိသွားတာပါ” လိုပြန်ဖြေပါတယ်။ အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။

ولما رجعت، وجدت جدتي جالسة خارج المنزل ولم يكن هناك لا سلة ولا موز. سألتها: “جدتي، أين السلة وأين الموز، وأين …؟”. وكان جوابها الوحيد: “إنهم في مكاني السحري”. وكم كان ذلك محبطا لي.


၂ရက်ကြာတဲ့အခါ ဖွားဖွားက သူ့ရဲ့အခန်းထဲမှာရှိတဲ့ တုတ်ကောက်ကို ကျွန်မအားသွားယူခိုင်းပါတယ်။ ကျွန်မတံခါးဖွင့်လိုက်တဲ့အခါ ငှက်ပျောသီးမှည့်အနံကို ခပ်ပြင်းပြင်းက ကျွန်မကို ကြိုဆိုလိုက်ပါတယ်။ အခန်းအထဲမှာ အဖွားရဲ့ မှော်ခြင်းကိုတွေ့လိုက်ပါတယ်။ အဲ့ဒါကို စောင်အဟောင်းတစ်ထည်နဲ့အုပ်ထားပါတယ်။ ကျွန်မဟာ မ,လိုက်ပြီး အရမ်းကောင်းတဲ့ အနံ့ခံကြည့်လိုက်ပါတယ်။

وبعد يومين، طلبت مني جدتي أن أحضر لها عصا المشي من بيت نومها. وبمجرد أن فتحت الباب، استقبلتني رائحة الموز الناضج. لقد كانت سلة جدتي السحرية في الغرفة الداخلية، مخبأة جيدا تحت غطاء قديم. رفعت الغطاء واستنشقت تلك الرائحة الرائعة.


“သမီးဘာတွေလုပ်နေတာလဲ၊ တုတ်ကောက်မြန်မြန်ယူလာပေး” ဆိုတဲ့ခေါ်သံနဲ့ အဖွားရဲ့အသံက ကျွန်မကိုလန့်သွားစေပါတယ်။ ကျွန်မ တုတ်ကောက်ကိုမြန်မြန်ယူပြီးထွက်လာခဲ့ပါတယ်။ “ဘာတွေပြုံးနေတာတုန်း” လို့အဖွားကမေးတယ်။ သူ့ရဲ့မေးခွန်းက ကျွန်မဟာသူ့ရဲ့ မှော်နေရာလေးကို ရှာဖွေတွေ့ရှိသွားလို့ ပြုံးနေမိကြောင်းသတိထားမိသွားစေပါတယ်။

لكن صوت جدتي فاجئني عندما نادتني: “ماذا تفعلين؟ أسرعي وأحضري لي العصا”. أسرعت بعصا المشي لجدتي، فسألتني: “لماذا تبتسمين؟” جعلني سؤالها أتفطن إلى أنني لازلت مبتسمة لاكتشافي مكان موزات جدتي السحري.


နောက်တစ်နေ့မှာ အဖွားဟာ အမေ့အိမ်ကိုလာလည်တဲ့အခါမှာ ကျွန်မဟာ သူ့အိမ်ကို ပြေးသွားပြီးတော့ ငှက်ပျောသီးတွေကို နောက်တစ်ကြိမ် သွားကြည့်ပါတယ်။ မှည့်ပြီးဖြစ်တဲ့ ငှက်ပျောသီးတွေအများကြီးတွေ့ပါတယ်။ ကျွန်မတစ်လုံးယူပြီ ဂါဝန်အောက်ဖွက်ထားပါတယ်။ ခြင်းကိုပြန်ဖုံးပြီးတဲ့အချိန်မှာ အိမ်နောက်ဖေးကိုသွားပြီး ခပ်မြန်မြန်စားလိုက်ပါတယ်။ ကျွန်မ စားဖူးသမျှငှက်ပျောသီးတွေထဲမှာ အရသာအရှိဆုံးပါဘဲ။

وفي اليوم الموالي، عندما ذهبت جدتي لزيارة أمي أسرعت إلى منزلها لتفقد الموز مرة أخرى. وكانت هناك مجموعة من حبات الموز قد اكتمل نضجها. التقطت واحدة وأخفيتها تحت ثيابي. وبعد أن أرجعت غطاء السلة من جديد، ذهبت خلف المنزل والتهمت الموزة بسرعة. كانت تلك ألذ موزة أتذوقها في حياتي.


နောက်တစ်နေ့မှာတော့ ဖွားဖွားဟာ ဥယာဉ်ခြံထဲမှာ ဟင်းသီးဟင်းရွက်ခူးနေတဲ့အခါမှာ ကျွန်မဟာ ငှက်ပျောသီးတွေကိုဘဲ စိတ်ဝင်စားပြီး ချောင်းကြည့်ပါတယ်။ အားလုံးနီးပါမှည့်ခါနီးပါဘဲ။ ကျွန်မဟာ ငှက်ပျောသီးလေးဖီးကို မနေနိုင်ဘဲယူလိုက်မိပါတယ်။ ကျွန်မဟာ တံခါးနားကနေပြီးတော့ ခြေဖျားထောက်ပြီးထွက်သွားတဲ့အချိန်မှာ အဖွားရဲ့ချောင်းဟန့်သံကို အပြင်ကနေကြားလိုက်ပါတယ်။ ကျွန်မဟာ ငှက်ပျောသီးတွေကို ဂါဝန်ထဲထည့်ပြီး အဖွားနောက်ကနေ ဖြတ်သွားပါတယ်။

ومن الغد، وبينما كانت جدتي في الحديقة تجمع الخضار، تسللت إلى المنزل واسترقت النظر للموز. كانت كل الموزات تقريبا قد نضجت، ولم أستطع أن أمسك نفسي عن أخذ أربع حبات من الموز. وبينما كنت متجهة نحو الباب على أطراف أصابعي، إذ بي أسمع سعال جدتي بالخارج. وبالكاد نجحت في إخفاء حبات الموز تحت فستاني ثم تجاوزت جدتي في المشي.


နောက်တစ်နေ့ကတော့ ဈေးနေ့ဖြစ်ပါတယ်။ ဖွားဖွားဟာ အစောကြီးထပါတယ်။ အဖွားဟာ သူ့ရဲ့ငှက်ပျောသီးနဲ့ ပီလောပီနံတို့ကိုဈေးမှာသွားရောင်းပါတယ်။ အဲ့ဒီနေ့အဖွားဆီကျွန်မသွားမလည်ပါဘူး။ ဒါပေမယ့်သူ့ကို အကြာကြီးလည်းရှောင်မနေနိုင်ပါဘူး။

كان اليوم الموالي هو يوم السوق الأسبوعية. استيقظت جدتي باكرا، فقد كانت دائما تأخذ الموز والكسافا لتبيعها في السوق. لم أسارع يومها لزيارتها كالعادة، لكنني كنت أعرف أنني لن أستطيع تحاشيها طويلا.


အဲ့ဒီနေ့ညနေမှာ အဖွားဟာ အမေနဲ့အဖေကိုခေါ်ပြီး ဘာကြောင့်ခေါ်သလဲဆိုတာ ကျွန်မသိပါတယ်။ အဲ့ဒီညမှာ ကျွန်မဟာ အိပ်ဖို့လဲလျောင်းတဲ့အခါ ကျွန်မဟာ အဖွားဆီကကော၊ မိဘတွေဆီကကော၊ တစ်စုံတစ်ဦးဆီကကော ဘယ်တော့မှ ခိုးယူလို့မရဘူးဆိုတာ သိလိုက်ရပါတယ်။

وفي ساعة متأخرة من تلك الليلة، دعاني أبي وأمي للحديث معي. كنت أعرف لماذا دعونني. وهكذا، وبينما كنت مستلقية للنوم في تلك الليلة، عرفت أنني لا يجب أن أسرق ثانية أبدا، لا من جدتي ولا من والديَّ ولا من أي إنسان آخر.


كُتِب بواسطة: Ursula Nafula
رسمة بواسطة: Catherine Groenewald
بترجمة: Naw Thazin Hpway
لغة: البورمية
مستوى: المستوى 4
المصدر: Grandma's bananas از القصص الأفريقية القصيرة
رخصة المشاع الإبداعي
تحت مجوز المشاع الإبداعي نَسب المُصنَّف 3.0 دولي کریتز کامنز به نشر رسید.
خيارات
العودة لقائمة القصص تحميل بصيغة PDF