تحميل بصيغة PDF
العودة لقائمة القصص

ဗူစီရဲ့ ညီမလေးပြောလိုက်တဲ့စကား ما قالته أخت فوسي

كُتِب بواسطة Nina Orange

رسمة بواسطة Wiehan de Jager

بترجمة Naw Thazin Hpway

لغة البورمية

مستوى المستوى 4

سرد للقصة كاملة الصوت لهذه القصة غير متوفر.


တစ်မနက်စောစောမှာကတော့ ဗူစီရဲ့အဖွားက “ဗူစီရေ၊ ဒီဥကိုသားရဲ့မိဘတွေကိုပေးလိုက်။ သားရဲ့ညီမလေးမင်္ဂလာဆောင်မှာ ကိတ်မုန့်ကြီးတစ်လုံးဖုတ်ချင်နေကြပါတယ်။” လို့ခေါ်ပြီးပြောပါတယ်။

في صباح باكر من أحد الأيام، نادت الجدة حفيدها فوسي قائلة: “فوسي، أرجو أن تأخذ هذه البيضة لوالديك. يريدان تحضير كعكة كبيرة بمناسبة حفل زفاف أختك”.


ဗူစီဟာ သူ့မိဘအိမ်ကိုသွားတဲ့လမ်းမှာ ကောင်လေးနှစ်ယောက် အသီးတွေခူးနေတာကိုတွေ့လိုက်ပါတယ်။ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ဥကိုယူပြီး အပင်ပေါ်ကို ပစ်ပေါက်လိုက်ပါတယ်။ သူ့ရဲ့ ဥဟာ ကွဲသွားပါတယ်။

وفي طريقه إلى منزل والديه، اعترض فوسي ولدين يقطفان الفواكه. خطف أحد الولدين البيضة من يد فوسي وألقى بها على شجرة فتهشمت البيضة.


ဗူစီဟာ ငိုပြီး “မင်းတို့ဘာလုပ်လိုက်တာလဲ။ ဒီဥဟာ ငါ့ညီမ မင်္ဂလာဆောင်အတွက် ကိတ်မုန့်ဖုတ်ဖို့အတွက်ပါ။ မင်္ဂလာဆောင်ဖို့ကိတ်မုန့်မရှိရင် ငါ့ညီမဘာပြောမှာလဲမသိဘူး” ဆိုပြီးပြောပါတယ်။

صاح فوسي: “ماذا فعلت؟ البيضة كانت لصنع كعكة، والكعكة كانت لحفل زفاف أختي. ماذا ستقول أختي إذا لم يكن في العرس كعكة؟”.


ကောင်လေးတွေဟာ ဗူစီ့ကိုစခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်သွားပါတယ်။ ကောင်လေးတစ်ယောက်က “ငါတို့ နင့်ရဲ့ကိတ်မုန့်အတွက် ဘာလမှမလုပ်ပေးနိုင်ပေမယ့် ရော့ဒီမှာ မင်းညီမလေးအတွက် လမ်းလျှောက်တဲ့တုတ်ချောင်း” ဆိုပြီးပြောပါတယ်။ ဗူစီဟာ ဆက်ပြီး ခရီးနှင်ခဲ့ပါတယ်။

أسف الولدان لإزعاجهما لفوسي وقال أحدهما: “لن نستطيع المساعدة في صنع الكعكة، لكن ها هي عصا للمشي، خذها لأختك”. أخذ فوسي العصا وواصل طريقه إلى المنزل.


လမ်းတစ်လျှောက်မှာ လူကြီးနှစ်ယောက်အိမ်ဆောက်နေတာကိုတွေ့လိုက်ပါတယ်။ လူကြီးတစ်ယောက်က “အဲ့ဒီ မာတဲ့တုတ်ချောင်းကို သုံးလို့ရမလား” ဆိုပြီးမေးလိုက်ပါတယ်။ ဒါပေမယ့် တုတ်ဟာ အဆောက်အဦးအတွက် ထင်သလောက်မမာတဲ့အခါ ကျိုးသွားပါတယ်။

وفي الأثناء، التقى فوسي رجلين يبنيان منزلاً. سأله أحدهما: “هل يمكننا أن نستخدم تلك العصا الغليظة التي بيدك؟”. لكن العصا كسرت لدى استعمالها، لأنها لم تكن قوية بالقدر الكافي لتستخدم في البناء.


ဗူစီက “ခင်ဗျားတို့ ဘာလုပ်လိုက်တာလဲ၊ အသီခူးတဲ့သူတွေဟာ ညီမလေးရဲ့ ကိတ်မုန့်အတွက် ယူလာတဲ့ဥကိုခွဲလိုက်လို့ ဒီတုတ်ချောင်းကို အစားပြန်ပေးတာ။ ကိတ်မုန့်ကလည်း ကျွန်တော့် ညီမလေးရဲ့ မင်္ဂလာဆောင်အတွက်ဖြစ်တယ်။ အခုတော့ ဥကော လက်ဆောင်ကောမရှိတော့ဘူး၊ ကျွန်တော့်ညီမလေး ဘာပြောမှာလဲ။” ဆိုပြီးငိုပြီးပြောပါတယ်။

صاح فوسي: “ماذا فعلتما؟ تلك العصا كانت هدية لأختي. لقد أعطاني إياها جامعا الفواكه اللذان كسرا البيضة التي كنا سوف نستخدمها لعمل كعكة لأختي بمناسبة زواجها. أما الآن، فلا بيضة ولا كعكة ولا هدية. ماذا ستقول أختي؟”


အိမ်ဆောက်သူတွေဟာ တုတ်ချောင်းကိုချိုးမိသွားတဲ့အတွက် စိတ်မကောင်းဖြစ်သွားကြပါတယ်။ လူကြီးတစ်ယောက်က “ငါတို့ ကိတ်မုန့်အတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ရော့ဒီမှာ သားညီမလေးအတွက် မြက်တစ်ထုပ်” ဆိုပြီး ပြောလိုက်ပါတယ်။ ပြီးတော့ ဗူစီက ခရီးဆက်ခဲ့ပါတယ်။

أسف البناءان على كسر العصا. فقال أحدهما: “لن نستطيع فعل شيء بخصوص الكعكة، لكن هذا بعض القش، خذه لأختك”. أخذ فوسي القش وواصل طريقه.


လမ်းမှာ ဗူစီဟာ လယ်သမားတစ်ဦးနဲ့ နွားတစ်ကောင်ကိုတွေ့ပါတယ်။ နွားက “မြက်ထုပ်က စားလို့ကောင်းမယ့်ပုံဘဲ။ တစ်ဆိတ်လောက်စားကြည့်လို့ရမလား” လို့မေးပါတယ်။ ဒါပေမယ့် မြက်ထုပ်က အရမ်းအရသာရှိတဲ့အတွက် နွားဟာ အကုန်စားလိုက်ပါတယ်။

وبينما هو في طريقه إلى البيت، اعترضه مزارع ومعه بقرة. قالت البقرة: “هذا القش لذيذ، هل لي بقضمه منه؟” لكن القش كان حلو المذاق لدرجة أن البقرة التهمته كله.


ဗူစီက “ခင်ဗျားတို့ဘာလုပ်လိုက်တာလဲ၊ ဒီမြက်ထုပ်က ကျွန်တော့်ညီမလေးအတွက်လက်ဆောင်ပါ။ အိမ်ဆောက်တဲ့သူတွေဟာ အသီးခူးတဲ့သူတွေဆီကရလာတဲ့ တုတ်ကိုချိုးမိလို့ မြက်ထုပ်ကိုပေးလိုက်တာပါ။ အသီးခူးတဲ့သူတွေက ကျွန်တော့်ညီမအတွက် ယူလာတဲ့ ဥကိုခွဲလိုက်တဲ့အတွက် တုတ်ကိုပေးလိုက်တာပါ။ ဥက ကျွန်တော့ညီမလေး မင်္ဂလာဆောင်အတွက် ကိတ်မုန့်ဖုတ်ဖို့အတွက်ပါ။ အခုကျွန်တော့်ဆီမှာ ဥလည်းမရှိတော့ဘူး၊ ကိတ်မုန့်လည်းမရှိတော့ဘူး၊ လက်ဆောင်လည်းမရှိတော့ဘူး၊ ကျွန်တော့်ညီမ ဘာပြောလိမ့်မလဲ” ဆိုပြီးငိုပြီးပြောပါတယ်။

صاح فوسي: “ماذا فعلت أيتها البقرة؟ ذاك القش كان هدية لأختي. أعطاني إياه البناءان بعد أن كسرا العصا التي تسلمتها من جامعيْ الفواكه الذيْنِ هشَّما البيضة التي كنا سنصنع بها كعكة لعرس أختي. لم يعد لي الآن لا بيضة ولا كعكة ولا هدية… ترى ماذا ستقول أختي؟”.


နွားဟာ သူအရမ်းလောဘကြီးမိသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိသွားပါတယ်။ လယ်သမားကလည်း နွားကိုဗူစီ့ညီမလေးရဲ့ မင်္ဂလာဆောင်အတွက် လက်ဆောင်အနေနဲ့ ထည့်ပေးလိုက်ဖို့သဘောတူလိုက်ပါတယ်။ အဲဒီလိုနဲ့ ဗူစီဟာ ရှေ့ဆက်ပါတယ်။

اعتذرت البقرة لجشعها، أما المزارع فقد قرر أن يسلم البقرة لفوسي كهدية لأخته. أخذ فوسي البقرة وواصل طريقه.


ဒါပေမယ့် ညစာစားချိန်မှာတော့ နွားဟာ လယ်သမားဆီ ပြန်ပြေးသွားပါတယ်။ အဲ့ဒီတော့ ဗူစီဟာ ခရီးလမ်းပျောက်သွားပါတယ်။ သူဟာ သူ့ညီမရဲ့ မင်္ဂလာဆောင်ပွဲကိုနောက်ကျမှရောက်သွားပါတယ်။ ဧည့်သည်တွေတောင် စားသောက်နေကြပါပြီ။

لكن، وبحلول وقت العشاء فرت البقرة هاربة ورجعت إلى المزارع الذي سلمها لفوسي. أضاع فوسي طريقه ووصل متأخراً جداً لحفل زفاف أخته، فقد وجد المدعوين بصدد تناول الطعام.


ဗူစီက “ငါဘာလုပ်သင့်သလဲ။ အိမ်ဆောက်တဲ့သူဆီက အလဲအလှယ်လုပ်ခဲ့တဲ့ မြက်ထုပ်အစား လက်ဆောင်အနေနဲ့ယူခဲ့တဲ့နွားလည်း ပြေးသွားပါပြီ။ အိမ်ဆောက်တဲ့သူတွေကလည်း အဲ့ဒီမြက်ထုပ်ကို အသီးခူးတဲ့သူဆီက ယူလာတဲ့ တုတ်ချောင်းကို ချိုးမိလို့ ပေးလိုက်တာပါ။ အသီးခူးတဲ့သူတွေက ကိတ်မုန့်အတွက်ယူလာတဲ့ဥကို ခွဲမိလို့ တုတ်ကိုပေးတာပါ။ ကိတ်မုန့်က မင်္ဂလာဆောင်ပွဲအတွက်ပါ။ အခုတော့ ဥကော၊ ကိတ်မုန့်ကော၊ လက်ဆောင်ကောမရှိတော့ဘူး” ဆိုပြီးငိုပါတယ်။

صاح فوسي: “ماذا عساي أن أفعل الآن؟ … لقد هربت البقرة، هدية العرس التي منحني إياه المزارع مقابل القش الذي سلمني إياه البناءان عندما كسرا العصا التي أعطاني إياها جامعا الفواكه بعد أن هشما البيضة التي كنا سنصنع بها كعكة زفاف أختي. أما الآن فلا بيضة ولا كعكة ولا هدية”.


ဗူစီရဲ့ညီမလေးက ခနလောက်စဉ်းစားပြီး “ငါ့အစ်ကိုဗူစီ၊ ညီမကတကယ်တမ်းတော့ လက်ဆောင်တွေအကြောင်းကို ဂရုမစိုက်ပါဘူး။ ကိတ်မုန့်အတွက်တောင်ဂရုမစိုက်ပါဘူး။ ညီမတို့တူတူရှိနေရင် ပျော်ရွှင်ရပါတယ်။ အခုပွဲအတွက်ဝတ်စုံဝတ်ပြီး ဒီနေ့လေးကိုဆင်နွှဲလိုက်ရအောင်” လိုပြောလိုက်ပြီး ဗူစီလည်း ဆင်နွှဲလိုက်ပါတယ်။

فكرت أخت فوسي قليلاً ثم قالت: “أخي، لا تهمني الهدايا، ولا الكعكة. نحن هنا معا، وأنا سعيدة. اذهب الآن والبس ثيابك الجميلة وتعال، نحتفل بهذا اليوم السعيد معاً”. وكان ذاك ما فعله فوسي.


كُتِب بواسطة: Nina Orange
رسمة بواسطة: Wiehan de Jager
بترجمة: Naw Thazin Hpway
لغة: البورمية
مستوى: المستوى 4
المصدر: What Vusi's sister said از القصص الأفريقية القصيرة
رخصة المشاع الإبداعي
تحت مجوز المشاع الإبداعي نَسب المُصنَّف 3.0 دولي کریتز کامنز به نشر رسید.
خيارات
العودة لقائمة القصص تحميل بصيغة PDF