Download PDF
Back to stories list

ဗူစီရဲ့ ညီမလေးပြောလိုက်တဲ့စကား Alichokisema dada yake Vusi

Written by Nina Orange

Illustrated by Wiehan de Jager

Translated by Naw Thazin Hpway

Language Burmese

Level Level 4

Narrate full story The audio for this story is currently not available.


တစ်မနက်စောစောမှာကတော့ ဗူစီရဲ့အဖွားက “ဗူစီရေ၊ ဒီဥကိုသားရဲ့မိဘတွေကိုပေးလိုက်။ သားရဲ့ညီမလေးမင်္ဂလာဆောင်မှာ ကိတ်မုန့်ကြီးတစ်လုံးဖုတ်ချင်နေကြပါတယ်။” လို့ခေါ်ပြီးပြောပါတယ်။

Siku moja asubuhi bibi yake Vusi alimwita na kumwambia, “Tafadhali peleka yai hili kwa wazazi wako. Wanataka kutengeneza keki kubwa kwa ajili ya harusi ya dada yako.”


ဗူစီဟာ သူ့မိဘအိမ်ကိုသွားတဲ့လမ်းမှာ ကောင်လေးနှစ်ယောက် အသီးတွေခူးနေတာကိုတွေ့လိုက်ပါတယ်။ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ဥကိုယူပြီး အပင်ပေါ်ကို ပစ်ပေါက်လိုက်ပါတယ်။ သူ့ရဲ့ ဥဟာ ကွဲသွားပါတယ်။

Alipokuwa njiani kuelekea kwa wazazi wake, Vusi akakutana na vijana wawili wanaokota matunda. Kijana mmoja akanyakua yai kutoka kwa Vusi na akalirusha kwenye mti. Yai likavunjika.


ဗူစီဟာ ငိုပြီး “မင်းတို့ဘာလုပ်လိုက်တာလဲ။ ဒီဥဟာ ငါ့ညီမ မင်္ဂလာဆောင်အတွက် ကိတ်မုန့်ဖုတ်ဖို့အတွက်ပါ။ မင်္ဂလာဆောင်ဖို့ကိတ်မုန့်မရှိရင် ငါ့ညီမဘာပြောမှာလဲမသိဘူး” ဆိုပြီးပြောပါတယ်။

“Umefanya nini?” Vusi akalia. “Yai lile lilikuwa kwa ajili ya keki. Keki ilikuwa kwa ajili ya harusi ya dada yangu. Dada yangu atasemaje kama hakutakuwa na keki ya harusi?”


ကောင်လေးတွေဟာ ဗူစီ့ကိုစခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်သွားပါတယ်။ ကောင်လေးတစ်ယောက်က “ငါတို့ နင့်ရဲ့ကိတ်မုန့်အတွက် ဘာလမှမလုပ်ပေးနိုင်ပေမယ့် ရော့ဒီမှာ မင်းညီမလေးအတွက် လမ်းလျှောက်တဲ့တုတ်ချောင်း” ဆိုပြီးပြောပါတယ်။ ဗူစီဟာ ဆက်ပြီး ခရီးနှင်ခဲ့ပါတယ်။

Vijana wale waliomba msamaha kwa kumchokoza Vusi. “Hatuna la kufanya kuhusu keki, lakini hii hapa ni fimbo kwa ajili ya dada yako,” mmoja alisema. Vusi akaendelea na safari yake.


လမ်းတစ်လျှောက်မှာ လူကြီးနှစ်ယောက်အိမ်ဆောက်နေတာကိုတွေ့လိုက်ပါတယ်။ လူကြီးတစ်ယောက်က “အဲ့ဒီ မာတဲ့တုတ်ချောင်းကို သုံးလို့ရမလား” ဆိုပြီးမေးလိုက်ပါတယ်။ ဒါပေမယ့် တုတ်ဟာ အဆောက်အဦးအတွက် ထင်သလောက်မမာတဲ့အခါ ကျိုးသွားပါတယ်။

Njiani alikutana na wanaume wawili wakijenga nyumba. “Tunaweza kutumia hiyo fimbo imara?” mmoja akaomba. Lakini fimbo haikuwa imara kwa kujengea, na ikavunjika.


ဗူစီက “ခင်ဗျားတို့ ဘာလုပ်လိုက်တာလဲ၊ အသီခူးတဲ့သူတွေဟာ ညီမလေးရဲ့ ကိတ်မုန့်အတွက် ယူလာတဲ့ဥကိုခွဲလိုက်လို့ ဒီတုတ်ချောင်းကို အစားပြန်ပေးတာ။ ကိတ်မုန့်ကလည်း ကျွန်တော့် ညီမလေးရဲ့ မင်္ဂလာဆောင်အတွက်ဖြစ်တယ်။ အခုတော့ ဥကော လက်ဆောင်ကောမရှိတော့ဘူး၊ ကျွန်တော့်ညီမလေး ဘာပြောမှာလဲ။” ဆိုပြီးငိုပြီးပြောပါတယ်။

“Mmefanya nini?” Vusi akalia. “Fimbo hii ilikuwa zawadi kwa ajili ya dada yangu. Waangua matunda walinipa fimbo hiyo kwa sababu walivunja yai la keki. Keki ilikuwa ni kwa ajili ya harusi ya dada yangu. Sasa hakuna yai, hakuna keki, na hakuna zawadi. Dada yangu atasemaje?”


အိမ်ဆောက်သူတွေဟာ တုတ်ချောင်းကိုချိုးမိသွားတဲ့အတွက် စိတ်မကောင်းဖြစ်သွားကြပါတယ်။ လူကြီးတစ်ယောက်က “ငါတို့ ကိတ်မုန့်အတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ရော့ဒီမှာ သားညီမလေးအတွက် မြက်တစ်ထုပ်” ဆိုပြီး ပြောလိုက်ပါတယ်။ ပြီးတော့ ဗူစီက ခရီးဆက်ခဲ့ပါတယ်။

Wajenzi waliomba msamaha kwa kuvunja fimbo. “Hatuna la kufanya kuhusu keki, lakini tutakupa makuti umpelekee dada yako,” mmoja alisema. Na Vusi akaendelea na safari yake.


လမ်းမှာ ဗူစီဟာ လယ်သမားတစ်ဦးနဲ့ နွားတစ်ကောင်ကိုတွေ့ပါတယ်။ နွားက “မြက်ထုပ်က စားလို့ကောင်းမယ့်ပုံဘဲ။ တစ်ဆိတ်လောက်စားကြည့်လို့ရမလား” လို့မေးပါတယ်။ ဒါပေမယ့် မြက်ထုပ်က အရမ်းအရသာရှိတဲ့အတွက် နွားဟာ အကုန်စားလိုက်ပါတယ်။

Njiani, Vusi akakutana na mkulima akiwa na ng’ombe. “Una makuti mazuri, naweza kupata kidogo?” Ng’ombe akaomba. Lakini makuti yalikuwa matamu ng’ombe akayala yote!


ဗူစီက “ခင်ဗျားတို့ဘာလုပ်လိုက်တာလဲ၊ ဒီမြက်ထုပ်က ကျွန်တော့်ညီမလေးအတွက်လက်ဆောင်ပါ။ အိမ်ဆောက်တဲ့သူတွေဟာ အသီးခူးတဲ့သူတွေဆီကရလာတဲ့ တုတ်ကိုချိုးမိလို့ မြက်ထုပ်ကိုပေးလိုက်တာပါ။ အသီးခူးတဲ့သူတွေက ကျွန်တော့်ညီမအတွက် ယူလာတဲ့ ဥကိုခွဲလိုက်တဲ့အတွက် တုတ်ကိုပေးလိုက်တာပါ။ ဥက ကျွန်တော့ညီမလေး မင်္ဂလာဆောင်အတွက် ကိတ်မုန့်ဖုတ်ဖို့အတွက်ပါ။ အခုကျွန်တော့်ဆီမှာ ဥလည်းမရှိတော့ဘူး၊ ကိတ်မုန့်လည်းမရှိတော့ဘူး၊ လက်ဆောင်လည်းမရှိတော့ဘူး၊ ကျွန်တော့်ညီမ ဘာပြောလိမ့်မလဲ” ဆိုပြီးငိုပြီးပြောပါတယ်။

“Umefanya nini?” Vusi akalia. “Makuti haya yalikuwa zawadi ya dada yangu. Wajenzi walinipa makuti kwa kuwa walivunja fimbo yangu niliyopewa na waangua matunda. Waangua matunda walinipa fimbo kwa kuwa walivunja yai kwa ajili ya keki ya dada yangu. Keki ilikuwa kwa ajili ya harusi ya dada yangu. Sasa hakuna yai, hakuna keki, na hakuna zawadi. Dada yangu atasemaje?”


နွားဟာ သူအရမ်းလောဘကြီးမိသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိသွားပါတယ်။ လယ်သမားကလည်း နွားကိုဗူစီ့ညီမလေးရဲ့ မင်္ဂလာဆောင်အတွက် လက်ဆောင်အနေနဲ့ ထည့်ပေးလိုက်ဖို့သဘောတူလိုက်ပါတယ်။ အဲဒီလိုနဲ့ ဗူစီဟာ ရှေ့ဆက်ပါတယ်။

Ng’ombe aliomba msamaha kwa kuwa mlafi. Mkulima alikubali kumpa Vusi ng’ombe aende naye kama zawadi kwa ajili ya dada yake. Vusi akaendelea na safari yake.


ဒါပေမယ့် ညစာစားချိန်မှာတော့ နွားဟာ လယ်သမားဆီ ပြန်ပြေးသွားပါတယ်။ အဲ့ဒီတော့ ဗူစီဟာ ခရီးလမ်းပျောက်သွားပါတယ်။ သူဟာ သူ့ညီမရဲ့ မင်္ဂလာဆောင်ပွဲကိုနောက်ကျမှရောက်သွားပါတယ်။ ဧည့်သည်တွေတောင် စားသောက်နေကြပါပြီ။

Lakini wakati wa chakula cha jioni ng’ombe alikimbia kurudi kwa mkulima. Na Vusi akapotea njiani. Akafika kwa kuchelewa sana kwenye harusi ya dada yake. Wageni walikuwa tayari wanakula.


ဗူစီက “ငါဘာလုပ်သင့်သလဲ။ အိမ်ဆောက်တဲ့သူဆီက အလဲအလှယ်လုပ်ခဲ့တဲ့ မြက်ထုပ်အစား လက်ဆောင်အနေနဲ့ယူခဲ့တဲ့နွားလည်း ပြေးသွားပါပြီ။ အိမ်ဆောက်တဲ့သူတွေကလည်း အဲ့ဒီမြက်ထုပ်ကို အသီးခူးတဲ့သူဆီက ယူလာတဲ့ တုတ်ချောင်းကို ချိုးမိလို့ ပေးလိုက်တာပါ။ အသီးခူးတဲ့သူတွေက ကိတ်မုန့်အတွက်ယူလာတဲ့ဥကို ခွဲမိလို့ တုတ်ကိုပေးတာပါ။ ကိတ်မုန့်က မင်္ဂလာဆောင်ပွဲအတွက်ပါ။ အခုတော့ ဥကော၊ ကိတ်မုန့်ကော၊ လက်ဆောင်ကောမရှိတော့ဘူး” ဆိုပြီးငိုပါတယ်။

“Nifanye nini?” alilia Vusi. “Ng’ombe aliyekimbia alikuwa ni zawadi, ambayo nilipewa kama mbadala wa makuti niliyopewa na wajenzi. Wajenzi walinipa makuti kwa sababu walivunja fimbo niliyopewa na waangua matunda. Waangua matunda walinipa fimbo kwa sababu walivunja yai la keki. Keki ilikuwa kwa ajili ya harusi. Kwa hiyo hakuna yai, hakuna keki, na hakuna zawadi.”


ဗူစီရဲ့ညီမလေးက ခနလောက်စဉ်းစားပြီး “ငါ့အစ်ကိုဗူစီ၊ ညီမကတကယ်တမ်းတော့ လက်ဆောင်တွေအကြောင်းကို ဂရုမစိုက်ပါဘူး။ ကိတ်မုန့်အတွက်တောင်ဂရုမစိုက်ပါဘူး။ ညီမတို့တူတူရှိနေရင် ပျော်ရွှင်ရပါတယ်။ အခုပွဲအတွက်ဝတ်စုံဝတ်ပြီး ဒီနေ့လေးကိုဆင်နွှဲလိုက်ရအောင်” လိုပြောလိုက်ပြီး ဗူစီလည်း ဆင်နွှဲလိုက်ပါတယ်။

Dada yake Vusi alifikiria kwa muda, halafu akasema, “Kaka yangu Vusi, usijali zawadi, pia usijali keki! Tupo hapa pamoja, nina furaha. Nenda kavae nguo zako nadhifu na uje tusherehekee siku hii!”


Written by: Nina Orange
Illustrated by: Wiehan de Jager
Translated by: Naw Thazin Hpway
Language: Burmese
Level: Level 4
Source: What Vusi's sister said from African Storybook
Creative Commons License
This work is licensed under a Creative Commons Attribution 3.0 International License.
Options
Back to stories list Download PDF