Back to stories list
ဇမားဟာ သိပ်တော်တယ်
Zama is great!
Michael Oguttu
Vusi Malindi
Naw Thazin Hpway
The audio for this story is currently not available.
ကျွန်မရဲ့ မောင်လေးက အိပ်ရာနောက်ကျမှဝင်တယ်။ ကျွန်မကတော့ အစောကြီးထတယ် ဘာကြောင့်လဲဆိုတော့ကျွန်မက တော်လို့ပေါ့။
My little brother sleeps
very late.
I wake early, because I
am great!
ကျွန်မဟာ နေကိုဝင်ရောက်လာအောင် လုပ်ပေးတဲ့သူတစ်ယောက်ပါ။
I am the one who lets in
the sun.
မားက “သမီးက အမေ့ရဲ့မနက်ခင်းကြယ်လေးဘဲ” ဆိုပြီး ပြောပါတယ်။
“You’re my morning
star,” says Ma.
ကျွန်မဟာ ဘယ်သူ့အကူအညီကိုမှ မယူဘဲ ကိုယ်လက်သန့်စင်ပါတဘ္။
I wash myself, I don’t
need any help.
ရေအေးနဲ့ အနံ့ရှိတဲ့ အပြာရောင်ဆပ်ပြာခဲကို ဘယ်လိုအသုံးပြုရမလဲဆိုတာသိပါတယ်။
I can cope with cold
water and blue smelly
soap.
မားက “သွားတိုက်ဖို့မမေ့နဲ့နော်” လို သတိပေးတဲ့အခါ “သမီးဘယ်တော့မှမမေ့ဘူး” လို ပြန်ဖြေလိုက်ပါတယ်။
Ma reminds, “Don’t
forget teeth.”
I reply, “Never, not
me!”
ကိုယ်လက်သန့်စင်ဆေးကြောပြီးတဲ့နောက်မှာ အဖိုးနဲ့အဒေါ်ကို ကောင်းသောနေ့လေးဖြစ်ပါစေလို့ နှုတ်ဆက်ပါတယ်။
After washing, I greet
Grandpa and Auntie,
and wish them a good
day.
ပြီးတော့ ကျွန်မဘာသာ အဝတ်ကိုကိုယ်တိုင်ဝတ်ပြီး “သမီးကြီးလာပါပြီ မား” လို့ပြောပါတယ်။
Then I dress myself,
“I’m big now Ma,” I say.
ကျွန်မဟာ ကြယ်သီးတွေကို တပ်နိုင်ပြီး ဖိနပ်တွေကိုလည်း ကိုယ့်ဘာသာ ဝတ်နိုင်ပါတယ်။
I can close my buttons
and buckle my shoes.
ပြီးတော့ ကျွန်မရဲ့မောင်လေးက ကျောင်းရဲ့သတင်းတွေကို အကုန်သိဖို့အတွက် သေချာအောင်လုပ်ပါတယ်။
And I make sure little
brother knows all the
school news.
အခန်းထဲမှာတော့ ကျွန်မဘက်စုံမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။
In class I do my best in
every way.
ကျွန်မဟာ နေ့တိုင်း ဒီကောင်းတဲ့အလုပ်တွေကို လုပ်ပါတယ်။ ဒါပေမယ့် ကျွန်မအကြိုက်ဆုံးကတော့ ကစားပြီးရင်း ကစားဖို့ဘဲဖြစ်ပါတယ်။
I do all these good
things every day.
But the thing I like
most, is to play and
play!
Written by: Michael Oguttu
Illustrated by: Vusi Malindi
Translated by: Naw Thazin Hpway