返回故事列表
မက်ဂဝေး
玛格威
Lesley Koyi
Wiehan de Jager
Naw Thazin Hpway
本故事尚未有语音版。
အိမ်ရဲ့ ဂရုစိုက်မှုအဝေး နိုင်ရိုဘီဆိုတဲ့ မြို့ကြီးအတွင်းမှာ အိမ်ခြေရာမဲ့ကောင်လေးတစ်အုပ် နေထိုင်ကြပါတယ်။ သူတို့ဟာ နေ့ရက်တိုင်းကို ကြိုဆိုပြီးနေထိုင်ရပါတယ်။ တစ်မနက်မှာ အေးလွန်းတဲ့ ပလပ်ဖောင်းပေါ်မှာအိပ်ပြီးတဲ့နောက်သူတို့ဖျာကိုသိမ်းကြပါတယ်။ အအေးဒဏ်ကို ခံနိုင်ဖို့ အမှိုက်တွေကိုမီးရှို့ပါတယ်။ အဲ့ဒီကောင်လေးအဖွဲ့မှာအငယ်ဆုံးကတော့ မက်ဂဝေးဖြစ်ပါတယ်။
在内罗毕这座繁忙的城市里,住着一群流浪的男孩,他们日复一日地活着,从来不知道什么是舒适安逸的生活。一天早上,男孩们从冰冷的人行道上醒来,把他们用来睡觉的毯子叠起来。天太冷了,为了驱赶寒气,他们用拾来的垃圾燃起了一堆火。在这群男孩中有一个人叫玛格威。
မက်ဂဝေးရဲ့မိဘတွေဆုံးသွားတော့ သူဟာ အသက် ၅နှစ်ဘဲ ရှိသေးပါတယ်။ သူဟာသူ့ဦးလေးနဲ့သွားနေပါတယ်။ အဲ့ဒီလူကြီးဟာကလေးကိုဂရုမစိုက်ပါဘူး။ မက်ဂဝေးကိုလည်း အစားအစာတွေလုံလောက်အောင်မပေးပါဘူး။ ကောင်လေးကိုလည်း အလုပ်တွေ အများကြီးလုပ်ခိုင်းပါတယ်။
玛格威的父母过世时,他只有五岁,他搬去跟叔叔一起生活。叔叔从来不关心玛格威。玛格威在叔叔家挨饿受冻,还要干很多体力活。
အကယ်၍ မက်ဂဝေးက ပြန်ရှင်းပြတာတို့ ပြန်ငြင်းခုံတာတို့ဆို သူ့ရဲ့ဦးလေးက ရိုက်ပါတယ်။ မက်ဂဝေးက ကျောင်းတက်ချင်ကြောင်းပြောတဲ့အခါ သူ့ဦးလေးက ရိုက်နှက်ပြီး “နင်ဟာ စာသင်ဖို့ ညံ့ဖျင်းလွန်တယ်။” လို့ပြောပါတယ်။ သုံးနှစ်လောက် ထို့ကဲ့သို့ဆက်ဆံခံရပြီးနောက် မက်ဂဝေးဟာ သူ့ရဲ့ ဦးလေးဆီကနေ ထွက်ပြေးသွားပါတယ်။ သူဟာ လမ်းပေါ်မှာစနေပါတယ်။
一旦玛格威稍有抱怨,叔叔就会对他拳打脚踢。有一次,玛格威问叔叔他能不能去上学,叔叔狠狠地打了他几下,说:“你这傻瓜,用得着上学吗?”玛格威过了三年这样的日子,终于离家出走,无家可归。
လမ်းမပေါ်ကဘဝဟာ ခက်ခဲပြီး ကောင်လေးအများစုဟာ အစားအစာစားရဖို့နေ့စဉ်ရုန်းကန်ရပါတယ်။ တစ်ခါတစ်ရံသူတို့ဟာ ရိုက်နက်ခံရပြီး တစ်ခါတစ်ရံသူတို့ဟာ အဖမ်းခံရပါတယ်။ သူတို့ဖျားနာနေတဲ့အချိန်အခါတိုင်း ကူညီမယ့်သူ မရှိခဲ့ပါဘူး။ အဲ့ဒီအဖွဲ့ဟာ တောင်းရမ်းပြီးတော့ရလာတဲ့ငွေ၊ ပြန်လည်အသုံးချလို့ရမယ့်ပစ္စည်းနဲ့ပလတ်စတစ်တွေရောင်းရငွေတွေအပေါ်မှာဘဲမှီခိုနေပါတယ်။ မြို့ကိုထိန်းချုပ်ချင်နေတဲ့ အခြားပြိုင်ဘက်အဖွဲ့နဲ့ ရန်ဖြစ်မှုတွေကလည်း သူတို့ရဲ့ဘဝကို ပိုပြီးခက်ခဲလာစေပါတယ်။
流浪生活非常艰辛,大多数男孩每天只能混个温饱。他们有时候会被抓起来,有时候会挨打。当他们生病的时候,没有人照顾他们。这群男孩就靠乞讨得来的一点点钱过活,他们有时候也会卖塑料品和旧货赚点钱。有时候别的流浪汉会来找茬,争夺领地,那时候生活就更艰难。
တစ်နေ့မှာ မက်ဂဝေးဟာ အမှိုက်ပုံထဲမှာ ရှာဖွေနေတဲအခါမှာ ဟောင်းပြီးနွမ်းနေတဲ့ ပုံပြင်စာအုပ်တစ်အုပ်ကို တွေ့ရှိလိုက်ပါတယ်။ နေတိုင်း သူဟာ ဟာအုပ်ကိုထုတ်ပြီး ပုံတွေကို ကြည့်ပါတယ်။ စာတွေကိုတော့ သူဘယ်လိုဖတ်ရမလဲမသိပါဘူး။
有一天,玛格威正在翻垃圾箱,他找到了一本破旧不堪的故事书。他把书上的灰尘吹走,把书放进了袋子里。每天完工后,他会把书拿出来,翻着上面的图画,可惜他看不懂上面的文字。
ပုံပြင်ထဲမှာ လေယာဉ်မောင်းသမားဖြစ်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပြောထားပါတယ်။ မက်ဂဝေးဟာ လေယာဉ်မောင်းသမားတစ်ဦးဖြစ်ချင်ပါတယ်။ တစ်ခါတစ်ရံ သူဟာ ပုံပြင်ထဲက ကောင်လေးအဖြစ် စိတ်ကူးယဉ်ပါတယ်။
图画书讲的是一个男孩长大成为飞行员的故事。玛格威有时候会梦想自己成为一个飞行员。有时候,他想象着自己就是故事中的男孩。
အရမ်းအေးတဲ့တစ်ရက်မှာ မက်ဂဝေးဟာ လမ်းပေါ်မှာထပြီးတောင်းစားနေပါတယ်။ လူကြီးတစ်ယောက်ဟာ သူ့ဆီကိုလျှောက်လာပြီး “ဟယ်လို၊ ဦးက သောမတ်စ်ပါ။ ဦးကဒီနားမှာအလုပ်လုပ်ပါတယ်။ အဲ့ဒီနေရာမှာ သားတစ်ခုခုစားလို့ရပါတယ်။” လို့ပြောလိုက်ပါတယ်။ သူဟာ ခေါင်မိုးအပြာရောင်နဲ့ အိမ်ကိုညွှန်ပြလိုက်ပါတယ်။ သူက “အဲ့ဒီကိုသွားပြီး အစားသောက်တွေစားကြမလား” လို့မေးလိုက်ပါတယ်။ မက်ဂဝေးက ထိုလူကြီးကိုကြည့်ပြီး အိမ်ကိုလည်းထပ်ကြည်ကာ “စားရင်စားပါမယ်”လို့ပြောပြီး ထွက်သွားပါတယ်။
有一天,天气很冷,玛格威站在街头乞讨。一个男人走过来,跟他打招呼:“你好,我叫托马斯。我在这儿附近工作,你可以到那儿拿点吃的。”他指着一座蓝顶黄墙的房子,“我希望你别客气,到那儿去拿点吃的吧!”玛格威看了看男人,又看了看房子,说:“可能吧!”然后他就走开了。
တစ်လအကြာမှာ အိမ်ခြေရာမဲ့ကောင်လေးတွေဟာ သော်မတ်စ်ကို ခနခနမြင်တွေ့ဖန်များလာပါတယ်။ သူဟာ လမ်းပေါ်မှာရှိတဲ့ လူတွေနဲ့ စကားပြောရတာကြိုက်ပါတယ်။ သူဟာ စိတ်ရင်းမှန်ပြီး စိတ်ရှည်တဲ့သူတစ်ဦးဖြစ်သလို ရိုင်းပြပြီး စော်ကားတာမျိုး ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ နေ့လည်ခင်းတွေမှာ ကောင်လေးအချို့ဟာ ခေါင်မိုးအပြာနဲ့အိမ်ကို သွားပြီး အစားအစာတွေ စတင်သုံးဆောင်ကြပါတယ်။
接下来的几个月,流浪的男孩们渐渐认识了托马斯。他喜欢跟人聊天,特别是无家可归的人。托马斯听别人讲他们的故事。他不苟言笑,非常耐心、有礼貌,尊重他人。一些男孩开始在白天去蓝顶黄墙的房子里找吃的。
မက်ဂဝေးဟာ ပလပ်ဖောင်းပေါ်မှာထိုင်ပြီး ပုံတွေကြည့်နေတဲ့အချိန်မှာ သောမတ်စ်ဟာ သူ့နားမှာထိုင်ပြီး “ပုံပြင်လေးက ဘာအကြောင်းလဲ” လို့ သောမတ်စ်က မေးလိုက်ပါတယ်။ မက်ဂဝေးက “လေယာဉ်မောင်းသမားဖြစ်လာတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ လို့ မက်ဂဝေးက ပြန်ဖြေလိုက်ပါတယ်။ သောမတ်စ်က “ကောင်လေးရဲ့နာမည်က ဘယ်လိုခေါ်လဲ” လို့မေးလိုက်ပါတယ်။ မက်ဂဝေးက “ကျွန်တော်မသိဘူး၊ ကျွန်တော်စာမတတ်ဘူး” လို့တိုးတိုးလေးပြောလိုက်ပါတယ်။
有一天,玛格威正坐在人行道上看故事书,托马斯来了坐在他旁边。托马斯问:“这本书讲了什么故事?”玛格威回答说:“这是关于一个男孩成为飞行员的故事。”托马斯问:“男孩叫什么名字?”玛格威声音低了下去:“我不知道,我不识字。”
သူတို့ဟာတွေ့တိုင်း မက်ဂဝေးဟာ သော်မတ်စ်ကို သူ့ရဲ့ကိုယ်ပိုင်ပုံပြင်တွေပြောပြပါတယ်။ သူဘာကြောင့် သူ့ရဲ့ ဦးလေးဆီကထွက်ပြေးရတဲ့ ပုံပြင်ဖြစ်ပါတယ်။ သောမတ်စ်ဟာ စကားအများကြီးမပြောပါဘူး၊ ပြီးတော့ မက်ဂဝေးကိုလည်း ဘာလုပ်ရမလဲဆိုတာလည်းမပြောပါဘူး။ ဒါပေမယ့် သူဟာ သေချာနားထောင်ပါတယ်။ တစ်ခါတစ်ရံ ခေါင်မိုးအပြာလေးနဲ့အိမ်မှာစားသောက်ပြီး စကားပြောကြပါတယ်။
当他们再次见面的时候,玛格威开始跟托马斯讲自己的故事,他的叔叔怎么对他,他怎么逃离了叔叔家。托马斯没说什么,也没有告诉玛格威该怎么做,但是他听得很仔细。有时候他们会一边在蓝顶黄墙的房子里吃东西,一边聊聊天。
မက်ဂဝေးရဲ့ ၁၀နှစ်ပြည်မွေးနေ့မှာတော့ သောမတ်စ်ဟာ သူ့ကိုပုံပြင်စာအုပ်အသစ်တစ်အုပ်ပေးပါတယ်။ ပုံပြင်လေးက ရွာလေးတစ်ရွာမှာရှိတဲ့ ကောင်လေးတစ်ယောက် အောင်မြင်တဲ့ဘောလုံးအားကစားသမားဖြစ်လာတဲ့ အကြောင်းဘဲဖြစ်ပါတယ်။ သောမတ်စ်က အဲ့ဒီပုံပြင်လေးကို မက်ဂဝေးအတွက် အကြိမ်ကြိမ်ဖတ်ပြပြီး တစ်နေ့တော့ သူက “သားကျောင်းကိုသွားပြီး စာဖတ်သင်သင့်တဲ့အချိန်ဘဲ။ ဘယ်လိုမြင်သလဲ” လို့ပြောတယ်။ သောမတ်စ်က ကလေးတွေ နေပြီး ကျောင်းတက်လို့ရတဲ့နေရာကိုသိတယ်လို့လည်း ရှင်းပြပါတယ်။
玛格威十岁生日的时候,托马斯给了他一本新的故事书,这是关于一个乡下男孩成为足球运动员的故事。托马斯给玛格威讲过这个故事很多次。有一天,托马斯说:“我觉得你应该去上学,去识字。你觉得呢?”托马斯说他知道一个地方,孩子们可以住在那儿,上学。
မက်ဂဝေးဟာ နေရာအသစ်တစ်ခုအကြောင်းနဲ့ ကျောင်းသွားရမယ့်အကြောင်းကိုတွေးတယ်။ သူ့ရဲ့ဦးလေးပြောသလိုဘဲ ဘာကိုမှသင်ယူတတ်မြောက်ဖို့ ညံ့ဖျင်းနေရင် ဘယ်လိုလုပ်မလဲ။ နေရာအသစ်မှာသူ့ကို ရိုက်နှက်ကြရင်ဘယ်လိုလုပ်မလဲ။ သူကြောက်ရွံ့နေမိခဲ့ပါတယ်။ သူက “လမ်းပေါ်မှနေတာထက်စာရင်တော့ ပိုကောင်းမှာပါ” လို့တွေးမိလိုက်တယ်။
玛格威想了想去新地方生活,上学。但是,如果他叔叔说得对,他太笨了上不了学怎么办?如果在新的地方,他又要挨打怎么办?他有点儿害怕,心想:“也许我注定就要睡在马路边。”
သူ့ရဲ့ကြောက်ရွံ့စိတ်တွေကို သောမတ်စ်ကို ရင်ဖွင့်ပါတယ်။ အကြိမ်တိုင်းမှာဘဲ လူကြီးက နေရာသစ်မှာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြောင်း ကောင်လေးကိုပြောပါတယ်။
他把自己的想法告诉了托马斯。托马斯对他循循善诱,终于说服了玛格威,他在新地方一定会过上更好的生活。
အဲ့ဒီနောက်တော့ မက်ဂဝေးဟာ ခေါင်မိုးအစိမ်းနဲ့ အိမ်ရဲ့အခန်းထဲကိုပြောင်းလာပါတယ်။ သူဟာ အခန်းကိုအခြားကောင်လေး၂ယောက်နဲ့ ပေါင်းနေပါတယ်။ အဲ့ဒီအိမ်မှာ ကလေး ၁၀ယောက်ရှိပါတယ်။ အန်တီကေစီအပါအဝင်သူ့ရဲ့ ယောက်ျား၊ ခွေးသုံးကောင်၊ ကြောင်တစ်ကောင်နဲ့၊ ဆိတ်အိုကြီးတစ်ကောင်ရှိပါတယ်။
玛格威搬到了新家,新家的屋顶是绿色的。他和两个男孩住一间房间。屋子里还住着其他十个孩子。和他们住在一起的是茜茜阿姨和她的丈夫,还有三只狗,一只猫,一头老山羊。
မက်ဂဝေးဟာ ကျောင်းစတက်ပြီး အရမ်းကို ခက်ခဲခဲ့ပါတယ်။ လိုက်မှရမယ့်စားတွေလည်း အများကြီးရှိပါတယ်။ တစ်ခါတစ်ရံ သူဟာ အရှုံးပေးချင်ပါတယ်။ ဒါပေမယ့် သူဟာ ပုံပြင်ထဲကလေယာဉ်မောင်းသမားနဲ့ ဘောလုံးအားကစားသမားအကြောင်းတွေပြီး နေခဲ့ပါတယ်။ သူတို့လိုဘဲ သူဟာ အရှုံးမပေးခဲ့ပါဘူး။
玛格威开始读书,他遇到了不少困难,很难赶上他的同学们,有时候他差点就要放弃了。但他每次想起故事书里的飞行员和足球运动员,他都坚持了下来,就像他们一样。
မက်ဂဝေးဟာ ကျောင်းက ပုံပြင်စာအုပ်တစ်အုပ်ကိုယူပြီး ခေါင်မိုးအစိမ်းလေးနဲ့ အိမ်ရှိတဲ့ ခြံထဲမှာ ထိုင်ဖတ်နေပါတယ်။ သောမတ်စ်ဟာ လာပြီး သူ့အနားမှာထိုင်လိုက်ပါတယ်။ သောမတ်စ်က “ပုံပြင်စာအုပ်လေးက ဘာအကြောင်းလဲ” လို့ မေးလိုက်ပါတယ်။ မက်ဂဝေးက “ကောင်လေးတစ်ယောက် ကျောင်းဆရာတစ်ဦးဖြစ်လာတဲ့အကြောင်းပါ” လိုဖြေလိုက်ပါတယ်။ သောမတ်စ်က “ကောင်လေးရဲ့နာမည်က ဘာတဲ့လဲ” လို့မေးလိုက်တယ်။ မက်ဂဝေးက အပြုံးလေးနဲ့ “သူ့ရဲ့နာမည်က မက်ဂဝေးပါ” လို့ ဖြေလိုက်ပါတယ်။
有一天,玛格威正在屋子后院里看书,托马斯来了,坐在他旁边:“这本书讲了什么故事?”玛格威回答说:“这是关于一个男孩变成老师的故事。”托马斯问:“那个男孩叫什么名字?”玛格威咧嘴一笑:“他叫玛格威。”
作者: Lesley Koyi
插图: Wiehan de Jager
译文: Naw Thazin Hpway