تحميل بصيغة PDF
العودة لقائمة القصص

ဆင်းဘက်ဝဲ سمبقواير

كُتِب بواسطة Rukia Nantale

رسمة بواسطة Benjamin Mitchley

بترجمة Naw Thazin Hpway

لغة البورمية

مستوى المستوى 5

سرد للقصة كاملة الصوت لهذه القصة غير متوفر.


ဆင်းဘက်ဝဲရဲ့အမေဆုံးသွာတော့ သူတော်တော်ဝမ်းနည်းပါတယ်။ ဆင်းဘက်ဝဲရဲ့အဖေဟာ သူ့သမီးကို အကောင်းဆုံးစောင့်ရှောက်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆင်းလက်ဝဲအမေမရှိလည်း သူတို့ဘာသာပျော်အောင် ခံစားတတ်လာပါတယ်။ မနက်တိုင်းမှာ သူတို့ဟာ တူတူထိုင်ပြီး အရင်နေ့ကအကြောင်းကို ပြောကြပါတယ်။ ညနေခင်းမှာ သူတို့ဟာ ညနေစာ တူတူပြင်ဆင်ပါတယ်။ သူတို့ဟာ ပန်းကန်ဆေးပြီးတဲ့အခါ ဆင်းဘက်ဝဲရဲ့အဖေဟာ သူ့ရဲ့အိမ်စာကို ကူလုပ်ပါတယ်။

توفيت أم سمبقواير، فحزنت البنت حزنا شديدا. فعل أبوها كل ما في وسعه للعناية بها، فبدآ رويدا رويدا يسترجعان معا شعورهما بالفرح رغم غياب الأم. كانا يجلسان كل صباح ويتناقشان فيما سيفعلانه خلال اليوم. وفي المساء، كانا يحضران العشاء معا ويغسلان الأطباق ثم يقوم أب سمبقواير بمساعدتها في القيام بفروضها المنزلية.


တစ်နေ့မှာ ဆင်းဘက်ဝဲရဲ့အဖေဟာ ပုံမှာထက်အိမ်ကိုနောက်ကျမှရောက်လာပါတယ်။ “သမီးလေးရေ ဘယ်မှာလဲလို့” ခေါ်လိုက်ပါတယ်။ ဆင်းဘက်ဝဲဟာ သူ့အဖေဆီပြေးလာပါတယ်။ အဖေဟာအခြားအမျိုးသမီးတစ်ယောက်ရဲ့ လက်ကိုကိုင်ထားတာတွေ့တော့ သူရပ်လိုက်ပါတယ်။ သူ့အဖေကပြုံပြီး “သမီးနဲ့အထူးတလည်တွေ့စေချင်တဲ့သူတစ်ဦးရှိပါတယ်။ သူက အနီတာပါ” လို့ပြုံးကာပြောလိုက်တယ်။

وفي يوم من الأيام، عاد أب سمبقواير إلى المنزل متأخرا على غير عادته وهتف: “أين أنت صغيرتي؟”. أسرعت سمبقواير لاستقبال أبيها غير أنها توقفت فجأة عند ما رأت والدها يمسك بيد امرأة لا تعرفها. قال الأب مبتسما: “صغيرتي، أريدك أن تلتقي بشخص مميز … هذه أنيتا”.


“ဟယ်လို ဆင်းဘက်ဝဲ အဖေကသမီးအကြောင်းကို အများကြီးပြောပြထားတယ်။” လို့ အနီတာက နှုတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့်သူက ပြုံးမပြသလို ကောင်မလေးကိုလည်း လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ပါဘူး။ ဆင်းဘက်ဝဲရဲ့ အဖေကတော့ ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေပါတယ်။ သူဟာ သူတို့သုံးယောက်အတူနေထိုင်ဖို့နဲ့ ဘဝကဘယ်လိုကောင်းလာမလဲဆိုတာတွေကိုလည်း ပြောပါတယ်။ “သမီးရေ အနီတာကို သမီးရဲ့အမေအဖြစ်လက်ခံမယ်လို အဖေမျှော်လင့်ပါတယ်” လို့သူကပြောတယ်။

قالت أنيتا: “أهلا سمبقواير. لقد حدثني أبوك عنك كثيرا”، غير أنها لم تبتسم ولم تمسك بيد سمبقواير. وكان أب سمبقواير فرحا متحمسا، يتحدث عن حياتهم الثلاثة معا وكيف أنها ستكون رائعة وسعيدة. ثم أضاف: “صغيرتي، أرجو أن تقبلي أنيتا كأم لك”.


ဆင်းဘက်ဝဲရဲ့ဘဝဟာ ပြောင်းလဲသွားပါတယ်။ မနက်ခင်းတွေမှာ သူ့အဖေနဲ့တူတူထိုင်တဲ့အချိန်မရှိတော့ပါဘူး။ အနီဟာ သူ့ကိုအိမ်အလုပ်တွေအများကြီးခိုင်းတာမို့လို့ ကျောင်းကပေးလိုက်တဲ့အိမ်စာတွေကိုလုပ်ဖို့အတွက် ပင်ပန်းသွားပါပြီ။ ညနေစာစားပြီးတာနဲ့ သူဟာအိပ်ရာထဲကိုဘဲ သွားပါတယ်။ သူ့ရဲ့တစ်ခုတည်းသော နှစ်သိမ့်မှုကတော့ သူ့အမေချန်ထားပေးတဲ့ ရောင်စုံစောင်လေးတစ်ထည်ပါဘဲ။ ဆင်းဘက်ဝဲရဲ့အဖေကတော့ သူ့သမီးမပျော်ရွှင်နေတာကို သတိမထားမိပါဘူး။

تغيرت حياة سمبقواير ولم يعد لديها الوقت لتجلس لأبيها كل صباح. فقد كانت أنيتا تكلفها بأعمال منزلية كثيرة ترهقها وتمنعها من القيام بواجباتها المدرسية عند المساء. لذلك كانت سمبقواير تنام مباشرة بعد إنهاء الأعمال المنزلية. كان عزاءها الوحيد غطاء ملون منحتها إياه أمها قبل وفاتها. أما الأب فلم يكن بادياً عليه أنه لاحظ حزن ابنته.


လအနည်းငယ်ကတော့ ဆင်းဘက်ဝဲရဲ့အဖေက သူအိမ်ရဲ့အဝေးကိုခနသွားဖို့ သူတို့ကိုပြောပါတယ်။ “ငါအလုပ်ကိစ္စနဲ့ခရီးသွားရဖို့ရှိတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ကြမယ်ဆိုတာ သိပါတယ်” လိုပြောပါတယ်။ ဆင်းဘက်ဝဲရဲ့မျက်နှာညှိုးသွားပါတယ် ဒါပေမယ့် သူ့အဖေက သတိမထားမိလိုက်ပါဘူး။ အနီတာကလည်း ဘာမှမပြောပါဘူး။ သူလည်း မပျော်ရွှင်ပါဘူး။

وبعد بضعة أشهر أعلم الأب زوجته وابنته أنه سيبتعد لبعض الوقت. قال لهما: “سأسافر للقيام ببعض الأعمال. لكنني على ثقة من أنكما ستعتنيان ببعضكما.” تغير وجه سمبقواير لكن أباها لم يلحظ ذلك. أنيتا أيضا لم تكن سعيدة بهذا الخبر لكنها لم تنبس بكلمة.


ဆင်းဘက်ဝဲရဲ့ဘဝဟာ ပိုပြီးဆိုးရွားလာပါတယ်။ သူ့ရဲ့အလုပ်တွေကိုမပြီးရင် သို့မဟုတ် ပြန်ချေပရင် အနီတာကသူ့ကိုရိုက်ပါတယ်။ ညနေစာစားတဲ့အခါမှာလည်း အဲ့ဒီအမျိုးသမီးဟာ အစားအစာအများဆုံးစားပြီး ဆင်းဘက်ဝဲအတွက် အနည်းငယ်သာချန်ပေးပါတယ်။ ညတိုင်း ဆင်းဘက်ဝဲဟာ သူ့အမေချန်ထားပေးတဲ့ စောင်ကိုခြုံပြီးငိုပါတယ်။

تدهورت حياة سمبقواير، فقد كانت أنيتا تضربها كلما اشتكت أو أنها لم تتمكن من إنهاء العمل الذي كلفتها به. أما عند العشاء فقد كانت أنيتا تستأثر لنفسها بالكمية الأكبر من الأكل ولا تترك لسمبقواير غير الفُتات. كانت سمبقواير تنام كل ليلة باكية، محتضنة الغطاء الذي أهدتها إياه أمها.


တစ်နေ့မနက်မှာ ဆင်းဘက်ဝဲဟာ အိပ်ရာထနောက်ကျပါတယ်။ “ငပျင်းမ” ဆိုပြီး အနီတာက အော်လိုက်ပါတယ်။ သူဟာ ဆင်းဘတ်ဝဲကို အိပ်ရာပေါ်ကနေ ဆွဲချသွားပါတယ်။ တန်ဖိုးရှိတဲ့စောင်ဟာ သံနဲ့ချိတ်မိပြီး နှစ်ခြမ်းကွဲသွားပါတယ်။

وفي إحدى الأيام استيقظت سمبقواير متأخرة فصرخت أنيتا بوجهها: “أنت … أيتها البنت الكسولة” ودفعتها بقوة خارج السرير فعلق الغطاء الثمين بمسمار وتمزق إلى نصفين.


ဆင်းဘက်ဝဲက အရမ်းကို စိတ်ဆိုးသွားပါတယ်။ သူဟာ အိမ်ကနေ ထွက်ပြေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ သူဟာအပိုင်းပိုင်းအစစဖြစ်သွားတဲ့ သူ့အမေရဲ့စောင်ကိုယူ၊ အစားအသောက်တွေကိုထုပ်ပြီး အိမ်ကနေထွက်လာခဲ့ပါတယ်။ သူ့အဖေခေါ်လာနေကြ လမ်းလေးအတိုင်း လျှောက်လာခဲ့ပါတယ်။

غضبت سمبقواير غضباً شديداً وقررت الهروب من المنزل. فأخذت جُزْءَيْ الغطاء وبعضاً من الطعام وغادرت المنزل متبعة الطريق التي سلكها أبوها.


ညနေရောက်တဲ့အခါ စမ်းချောင်းလေးနာမှာရှိတဲ့ သစ်ပင်မြင့်တစ်ပင်ပေါ်တက်ပြီး အကိုင်းတွေကို သူ့အတွက် အိပ်ယာအဖြစ်လုပ်ပါတယ်။ သူအိပ်ပျော်သွားဖို့အတွက် “မေမေ၊ မေမေ၊ မေမေ သမီးကိုချန်ထားခဲ့တယ်။ သမီးကိုချန်ထားခဲ့ပြီး ဘယ်တော့မှ မပြန်လာဘူး။ အဖေကသမီးကိုမချစ်တော့ဘူး။ အမေဘယ်တော့ပြန်လာမလဲ။ အမေသမီးကိုချန်ထားခဲ့တယ်” ဆိုပြီး သီချင်းဆိုနေပါတယ်။

عندما أقبل المساء، تسلقت الفتاة شجرةً باسقةً على ضفة نهر وجعلت لنفسها سريراً بين أغصانها وبدأت تغني وهي تستعد للنوم: “ما ما، ماما، ماما، لقد تركتني … تركتني ولن تعودي أبدا. أبي لم يعد يحبني. ماما متى ستعودين؟”


နောက်နေ့မနက်မှာလည်း ဆင်းဘက်ဝဲဟာ အဲ့ဒီသီချင်းဘဲထပ်ခါထပ်ခါ ဆိုနေပါတယ်။ အမျိုးသမီးတွေဟာ စမ်းချောင်းမှာ အဝတ်လျှော်ဖို့အတွက်လာတဲ့အခါမှာ သူတို့ဟာ သစ်ပင်မြင့်ပေါ်က ဝမ်းနည်ဖွယ်ကောင်းတဲ့ သီချင်းဆိုသံကို ကြားလိုက်ရတယ်။ သူတို့က ဒီအသံဟာ သစ်ရွက်လေတိုးသံလို့ဘဲထင်ပြီး သူတို့အလုပ်ကို သူတို့ဆက်လုပ်ကြပါတယ်။ ဒါပေမယ့်အမျိုးသမီးတစ်ဦးဟာ သီချင်းသံကိုသေချာနားထောင်ပါတယ်။

ومن الغد غنت سمبقواير نفس الأغنية من جديد عندما كان بعض النسوة يغسلن الثياب بماء النهر. ولما سمعن الأغنية الحزينة تَصِلُهنَّ من أعلى الشجرة، ظنن أنها لا تعدو أن تكون وشوشة الريح في أوراق الشجرة وواصلن عملهن متجاهلات ما سمعن. لكن إحداهن استمعت إلى الأغنية بانتباه شديد.


အဲ့ဒီအမျိုးသမီးဟာ အပင်ပေါ်ကိုကြည့်လိုက်ပါတယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို ရောင်စုံစောင်လေးနဲ့တွေတဲ့အခါ “ဆင်းဘက်ဝဲ၊ ငါ့အစ်ကိုရဲ့ကလေး” ဆိုပြီး ငိုပါတယ်။ အခြားအမျိုးသမီးလေးတွေလည်း အဝတ်လျှော်တာရပ်လိုက်ပြီး ဆင်းဘက်ဝဲ သစ်ပင်ပေါ်ကနေ ဆင်းလာနိုင်အောင် ကူညီကြပါတယ်။ သူ့ရဲ့အဒေါ်က သူ့ကိုဖက်ပြီး နှစ်သိမ့်ပေးပါတယ်။

رفعت المرأة نظرها إلى أعلى الشجرة، وعندما رأت الفتاة وقطعتَيْ الغطاء الملونتين صاحت: “سمبقواير … ابنة أخي!”. توقفت بقية النساء عن غسل الثياب وساعدن سمبقواير على النزول من أعلى الشجرة. عانقت العمة الطفلة الصغيرة وحاولت مواساتها.


ဆင်းဘက်ဝဲရဲ့ အဒေါ်ဟာ အဲ့ဒီကလေးကို သူ့ရဲ့အိမ်မှာ ခေါ်သွားပါတယ်။ သူဟာဆင်းဘတ်ဝဲကို အစားအသောက်ပူပူလေးတွေ ကျွေးပြီး သူ့အမေရဲ့စောင်နဲ့ သူ့ကို အိပ်ရာထဲ သိပ်ပါတယ်။ အဲ့ဒီညမှာဘဲ သူအိပ်ပျော်သွားတဲ့အခါ ဆင်းဘတ်ဝဲက ငိုပါတယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ သက်သာခြင်းမျက်ရည်တွေပါဘဲ။ သူ့အဒေါ်ဟာ သူ့ကိုပြုစုစောင့်ရှောက်မယ်ဆိုတာ သူသိနေပါတယ်။

أخذت العمة الصغيرة معها إلى منزلها وقدمت لها طعاما ساخنا ووضعتها في سرير لتنام وغطاء أمها معها. ليلتها بكت سمبقواير قبل أن تنام لكنها كانت دموع فرح وسعادة، إذ أنها أدركت بأن عمتها سوف تعتني بها.


ဆင်းဘက်ဝဲရဲ့အဖေဟာအိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့အခန်းဘာမှမရှိတာကို သတိထားမိလိုက်တယ်။ “ဘာတွေဖြစ်ခဲ့တာလည်း အနီတာ” လို့ လေးလံတဲ့နှလုံးသားနဲ့ မေးလိုက်ပါတယ်။ အဲ့ဒီအမျိုးသမီးက ဆင်းဘက်ဝဲထွက်ပြေးသွားကြောင်း ပြောပါတယ်။ “ကျွန်မက သူကျွန်မအပေါ်လေးစားစေချင်ခဲ့တာ၊ ဒါပေမယ့် ကျွန်မဘက်က အရမ်းတင်ကြပ်သွားတယ်ထင်တယ်” လို့ပြောပါတယ်။ ဆင်းဘက်ဝဲရဲ့အဖေဟာ အိမ်ကနေထွက်ပြီး စမ်ချောင်းဘက်ဦးတည်ရာကို လျှောက်လာခဲ့ပါတယ်။ သူဟာ သူ့ညီမရှိတဲ့ရွာဘက်ကိုလည်း သွားပြီး ဆင်းဘက်ဝဲကိုတွေ့မိသလားလို့မေးဖို့ ဖြစ်ပါတယ်။

عندما عاد أب سمبقواير إلى المنزل، وجد غرفتها خالية. انزعج الأب وسأل أنيتا عن ابنته وقلبه مثقل بالحزن: “أنيتا، ما الذي حصل؟” أجابت أنيتا بأن سمبقواير قد هربت من المنزل، مضيفة: “كنت أريدها أن تحترمني: لكن أظن أنني قد قسوت عليها بعض الشيء”. غادر الأب البيت مسرعاً في اتجاه النهر، وواصل طريقه نحو بيت أخته، أملا في أن تكون قد رأت سمبقواير.


ဆင်းဘက်ဝဲဟာ သူ့ရဲ့ တစ်ဝမ်းကွဲတွေနဲ့ ဆော့နေတဲ့အချိန်သူ့အဖေအဝေးကနေလာတာ တွေ့လိုက်ပါတယ်။ သူ့အဖေစိတ်ဆိုးမှာအရမ်းကြောက်ပြီး အိမ်ထဲမှာ ဝင်ပုန်းနေပါတယ်။ ဒါပေမယ့် သူ့အဖေဟာ သူ့အနားလာပြီး “ဆင်းဘက်ဝဲ၊ သမီးမှာ သမီးအတွက်ပြည့်စုံတဲ့အမေကို သမီးကိုယ်တိုင် ရှာတွေ့ပြီးပါပြီ။ သမီးကိုချစ်ပြီး သမီးအပေါ် နားလည်ပေးတဲ့သူပေါ့။ သမီးအတွက်အရမ်းဂုဏ်ယူပြီး သမီးကိုချစ်ပါတယ်” လို့ပြောလိုက်ပါတယ်။ သူတို့ဟာ ဆင်းဘက်ဝဲပျော်သလောက် သူ့ဒေါ်ဆီမှာနေဖို့အတွက် သဘောတူလိုက်ပါတယ်။

كانت سمبقواير تلعب مع أبناء عمتها عندما رأت أباها مقبلا من بعيد. أصابها ذعر شديد من أن يكون غاضباً منها فأسرعت بالاختباء داخل المنزل. لكن أباها أسرع إليها قائلا: “عزيزتي سمبقواير، لقد وجدتِ أماً رائعة لك … تحبك وتفهمك، أحبك صغيرتي وأنا فخور بك”. اتفق الجميع على أن تظل سمبقواير مع عمتها طالما أرادت ذلك.


သူ့အဖေဟာ သူ့ဆီကိုနေ့တိုင်း လာပါတယ်။ နောက်ဆုံးတော့ သူဟာ အနီတာကိုပါခေါ်လာခဲ့ပါတယ်။ သူဟာအနီတာရဲ့လက်ကိုကိုင်ပြီး “တောင်းပန်ပါတယ်ကလေးရယ်၊ အန်တီမှားသွားတယ်၊ အန်တီ့ကို နောက်တစ်ခေါက်ကြိုးစားခွင့် ပေးမလား” လို့ပြောပြီးငိုပါတယ်။ ဆင်းဘက်ဝဲဟာ သူ့အဖေရဲ့ စိတ်ပူနေတဲ့ မျက်နှာကိုကြည့်လိုက်ပါတယ်။ သူဟာ ရှေ့ကိုဖြည်းဖြည်းချင်းတိုးကြီး အနီတာကိုသူ့ရဲ့ လက်နဲ့ဖက်လိုက်ပါတယ်။

كان أبوها يزورها كل يوم. وأخيرا اصطحب معه أنيتا إلى منزل أخته. أمسكت أنيتا بيد سمبقواير هذه المرة وقالت باكية: “سامحيني صغيرتي، لقد أخطأت في حقك، هلا منحتني فرصة أخرى؟” نظرت سمبقواير إلى أبيها فرأت قلقا يعلو وجهه. فتقدمت ببطء نحو أنيتا وأحاطتها بذراعيها.


နောက်အပတ်မှာတော့ အနီတာဟာ ဆင်းဘက်ဝဲရယ်၊ သူ့အဒေါ်ရယ်နဲ့ သူ့ရဲ့တစ်ဝမ်းခွဲတွေကို အိမ်မှာလာစားသောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တကယ့်စားပွဲတော်ပါဘဲ။ အနီတာဟာ ဆင်းဘက်ဝဲအကြိုက်ဆုံးအစားအသောက်တွေကို ပြင်ဆင်ထားပြီး လူတိုင်းဟာ သူတို့ဗိုက်ဝတဲ့အထိ စားသောက်ကြပါတယ်။ အဲ့ဒီနောက်တော့ လူကြီးတွေစကားပြောတဲ့အချိန်မှာ ကလေးတွေဟာပြေးလွှားဆော့ကစားနေကြပါတယ်။ ဆင်းဘက်ဝဲဟာ ပျော်ရွှင်ပြီး သတ္တိရှိလာတယ်လို့ခံစားရပါတယ်။ သူဟာ သူ့အဖေနဲ့ သူ့ရဲ့မိထွေးတို့နဲ့တူတူနေဖို့အတွက် သိပ်မကြာခင်အချိန်မှာ အိမ်ပြန်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ومن الغد، دعت أنيتا سمبقواير وعمتها وأبناء عمتها إلى وجبة غذاء بمنزلها. كانت مأدبةً رائعةً، إذ أن أنيتا أعدت كل الأطباق التي تحبها سمبقواير. أكل الجميع حد التخمة وانغمس الأطفال في اللعب بينما انصرف الكبار يتجاذبون أطراف الحديث. شعرت سمبقواير بالفرح وبالشجاعة وقررت أن تعود قريبا جدا للعيش مع أبيها وزوجة أبيها في منزل العائلة


كُتِب بواسطة: Rukia Nantale
رسمة بواسطة: Benjamin Mitchley
بترجمة: Naw Thazin Hpway
لغة: البورمية
مستوى: المستوى 5
المصدر: Simbegwire از القصص الأفريقية القصيرة
رخصة المشاع الإبداعي
تحت مجوز المشاع الإبداعي نَسب المُصنَّف 3.0 دولي کریتز کامنز به نشر رسید.
بیشتر بخوانید سطح 5 داستان ها:
خيارات
العودة لقائمة القصص تحميل بصيغة PDF